တစ်ပတ်တာလုံး ပင်ပန်းသမျှတွေကို ဖြေဖျောက်ဖို့အချိန်လေး ရောက်ရှိလို့ လာပြန်ပါပြီ။ ကွီးတို့ ရင်ထဲက အစိုင်အခဲများကို အဝေးသို့ လွှင့်စင်သွားအောင် ဖန်တီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် Bar တွေဆီသို့ အမြန်ဆုံး နည်းနဲ့ ပန်းကန်လုံး စီးပြီး လှိမ့် လိုက်ကြရအောင်။
BAR4U

Photo: Facebook
ဒီဆိုင်လေးကတော့ စမ်းချောင်းမြို့နယ်မှာ တည်ရှိတဲ့ ဘားဆိုင်လေးပဲ ဖြစ်ပါတယ်။ Friday Night ၊ Saturday Night ၊ Sunday Night ဆိုပြီး ရက်အလိုက် မတူညီတဲ့ ပရိုမိုးရှင်းမျိုးစုံကိုလည်း ပြုလုပ်ပေးနေပါတယ်။ ဒါ့အပြင် Band မျိုးစုံနဲ့လည်း သူ့ရက်အလိုက် ဖျော်ဖြေတင်ဆက်ပေးတာဆိုတော့ ကွီးတို့ ကြိုက်တဲ့ Band ရှိတယ်ဆိုရင် လက်လွတ်မခံဘဲ အမြန်ဆုံး သွားသင့်ပါတယ်။
ဘီယာများ၊ ကော့တေးများကို သူ့ချည်းပဲ သောက်တယ်ဆိုရင် အရသာဘယ်ရှိပါ့မလဲ။ ပိုပြီး အရသာမြိန်ဖို့အတွက် လျှာကျွမ်းပြန်သွားစေမယ့် အမြည်းမျိုးစုံလည်းရှိတဲ့အတွက်ကြောင့် ကွီးတို့ စိတ်ကြိုက် ရွေးချယ် စားသုံးနိုင်ပါတယ်။ ဖုန်းဆက်ပြီး ဘိုကင်တင်ချင်တယ်ဆိုရင်တော့ 09400044302 သို့ ဆက်သွယ်နိုင်ပါတယ်။
Asagiri Restaurant & Bar

Photo: Facebook
Asagiri Restaurant & Bar ကတော့ ကျွန်းတောလမ်းနှင့် နာနတ်တောလမ်းထောင့်မှာ တည်ရှိတာဖြစ်ပြီး ကွီးတို့ အကြိုက်တွေ့မယ့် အရာမျိုးစုံကလည်း ကွီးတို့ကို မလာ လာချင်အောင် ဆွဲဆောင်နေမှာပဲ ဖြစ်ပါတယ်။
ကွီးတို့က ဘီယာ (သို့မဟုတ်) ကော့တေးကို ဘာနဲ့ မြည်းချင်သလဲ။ အသားနဲ့ မြည်းချင်တာလား၊ ဒါမှမဟုတ် ပင်လယ်စာနဲ့လား၊ ဒါမှမဟုတ် အရွက်ကြော်လား၊ အသုပ်စုံနဲ့လား၊ ကွီးတို့ စိတ်ကြိုက် ရွေးချယ်စရာများလည်း စုံလင် များပြားလှတာကြောင့် ကွီးတို့စိတ်ကြိုက် ရွေးချယ်လိုက်ရုံပါပဲ။ အယ်ကိုဟော ဖျော်ရည်များကလည်း အမျိုးအစား များပြားတဲ့အတွက်ကြောင့် ကွီးတို့ ကြိုက်နှစ်သက်ရာကို စိတ်ကြိုက် ရွေးချယ်လိုက်ရုံပါပဲ ကွီးတို့ခင်ဗျ။
Crush Bar

Photo: Facebook
Crush Bar ရဲ့ တည်နေရာကတော့ အမှတ် (၈၈/အေ) တက္ကသိုလ် ရိပ်သာလမ်း၊ ရန်ကုန်မြို့မှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ ဒီဘားကတော့ ကော့တေးများ၊ ဘီယာများကို တည်ခင်း ဧည့်ခံပေးတဲ့အပြင် ကခုန် မြူးတူးချင်သူများအတွက် အမိုက်စားနေရာလေးပဲ ဖြစ်ပါတယ်။ TGIF အစီအစဥ်များဆိုရင်လည်း အထူး စပယ်ရှယ် ပြုလုပ်ပေးထားပြီး တကယ့် အလန်းစား DJ သမားများက လာရောက် ဖျော်ဖြေပေးမှာဖြစ်ပါတယ်။ ဒီအစီအစဥ်လေးကို လက်လွတ်မခံချင်ဘူးဆိုရင်တော့ အခုပဲ Crush Bar ဆီသို့ အမြန်ဆုံး နည်းနဲ့ ပန်းကန်လုံး စီးပြီး လှိမ့် လိုက်ကြဖို့ တိုက်တွန်းလိုက်ပြီဗျို့။
Featured Image: Facebook
