ကျယ်ဝန်းတဲ့ ခြံမျိုး ပိုင်ဆိုင်ထားတဲ့သူတွေရဲ့ အားသာချက်ကတော့ မိမိခြံဝန်းထဲမှာ Camp ထွက်ပြီး ပါတီပွဲ ဆင်နွှဲနိုင်ခြင်းပဲ ဖြစ်ပါတယ်။ မွေးနေ့ပါတီပွဲ ၊ ခရစ္စမတ်ပါတီပွဲ ကျင်းပချင်ရင်ပဲ ဖြစ်ဖြစ်၊ ဘော်ဒါတွေ အားလုံး စုပြီး Gathering ပါတီ ကျင်းပချင်တဲ့ အခါမျိုးမှာလည်း မိမိခြံဝန်းကျယ်ကြီးထဲမှာပဲ ကျင်းပနိုင်ပါတယ်။

ဒီလိုမျိုး ခြံဝန်းထဲမှာ တဲလေးထိုးပြီး Camp ထွက်ကာ ပါတီပွဲ ဆင်နွှဲချင်ကြသူများအတွက် အသုံးတည့်မယ့် နည်းလမ်းကောင်းများကို ဝေမျှပေးချင်ပါတယ်။

အစီအစဥ် ရေးဆွဲပါ

Camp ပါတီပွဲ

Photo: Superbusymum

အရင်ဦးဆုံး ဘယ်လိုပါတီပွဲများ ကျင်းပချင်သလဲဆိုတာကို စဥ်းစားလိုက်ပါ။ မွေးနေ့ပါတီပွဲလား (သို့) ရိုးရိုးပါတီပွဲလား၊ ဟောလိုးဝင်းပါတီပွဲလား စသည်ဖြင့် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ပါတီအမျိုးအစားကို ဆုံးဖြတ်ပြီးသွားတဲ့အခါ သူနဲ့ လိုက်ဖက်မယ့် Theme တွေကို ပြင်ဆင်ရမှာဖြစ်ပါတယ်။ ထို့နောက် အစီအစဥ် (၁) ၊ (၂) ကနေ အစီအစဥ်အဆုံးအထိ ဘာပြီးရင် ဘာလုပ်ကြမယ်ဆိုတာကို ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။

နေရာရွေးချယ်ပါ

Camp ပါတီပွဲ

Photo: Pinterest

ကိုယ့်ရဲ့ ခြံဝန်းအကျယ်က ဘယ်လောက်ရှိသလဲ။ သူငယ်ချင်းအားလုံးပေါင်း ဘယ်နှစ်ယောက်လောက် ဖိတ်နိုင်မလဲ စတာတွေကို တွက်ဆရပါမယ်။ ဒီလိုမျိုး နေရာ၌ပေါ်မူတည်ကာ ဖိတ်ကြားမယ့် ဧည့်သည်များကို တွက်ဆထားရမှာပဲ ဖြစ်ပါတယ်။

သူငယ်ချင်းများ၊ ဘော်ဒါများအား ဖိတ်ကြားပါ

Camp ပါတီပွဲ

သူငယ်ချင်းတွေကို ဖိတ်တဲ့အခါ ဖုန်းဆက်ပြီးပဲ ဖိတ်မလား (သို့) Formal ဆန်ဆန် ဖိတ်စာတွေ ဝေပြီး ဖိတ်မလားဆိုတာကို ဆုံးဖြတ်ရပါမယ်။ ဖုန်းဆက်ပြီးပဲ ဖိတ်ဖိတ်၊ ဖိတ်စာနဲ့ပဲ ဖိတ်ဖိတ်၊ လာနိုင် မလာနိုင်ကို အမြန်ဆုံး အကြောင်းပြန်ခိုင်းလိုက်ပါ။ ဒါမှ လူဦးရေနှင့်အညီ အစားအစာများကို ပြင်ဆင်ထားနိုင်မှာဖြစ်ပါတယ်။

အလှဆင်ပါ

Camp ပါတီပွဲ

Camp ထွက်တဲ့ ပါတီ ပုံစံမျိုး ပြင်ဆင်မှာဆိုတော့ အထူးတလည်ပြင်ဆင်နေစရာတော့ မလိုပါဘူး။ ရွက်ဖျင်တဲငယ်လိုမျိုး ဆောက်လုပ်ကာ ပြင်ဆင်ထားလိုက်ပါ။ ထို့နောက် မီးအိမ်ငယ်များ (သို့) မီးလင်းဖိုများဖြင့် မီးပုံပွဲမျိုး ကျင်းပချင်တယ်ဆိုလည်း ရပါသေးတယ်။ မီးသတိထားဖို့တော့ လိုပါလိမ့်မယ်။

အစားအစာနှင့် ဖျော်ရည်များ ပြင်ဆင်ထားပါ

food for party

Photo: Wittyvows

ကိုယ့်သူငယ်ချင်းအချင်းချင်းပဲ ပါတီပွဲ ကျင်းပမယ်ဆိုရင်တော့ သူတို့ကို ဘာအစားအစာမျိုး စားချင်သလဲဆိုတာ မေးထားလိုက်ပါ။ သူတို့အကြိုက်ပေါ် မူတည်ပြီး အစားအစာများနှင့် ဖျော်ရည်များ၊ အယ်လ်ကိုဟောများကို ပြင်ဆင်ထားနိုင်ပါတယ်။

ကိုယ့်အချင်းချင်းမဟုတ်ဘဲ အခြားသော ဧည့်သည်တွေပါ ပါလာမယ်ဆိုရင်တော့ သင့်အနေနဲ့ ဘူဖေးပုံစံ ပြင်ဆင်ထားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

ဂိမ်းဆော့ဖို့အတွက်လည်း ကြိုတင်စဥ်းစားထားပါ

game for party

Photo: Greenvelope

ဂိမ်းမဆော့ဘဲ ပါတီကို စကားပြောရင်းပဲ ဖြတ်သန်းမယ်ဆိုရင် ပျင်းရိဖွယ် ကောင်းလှပါတယ်။ ခြံဝန်းလည်း အတန်အသင့် ကျယ်ဝန်းတယ်ဆိုရင် ခြံဝန်းထဲမှာ ဆော့ကစားနိုင်မယ့် ဂိမ်းများ ပြင်ဆင်ထားလိုက်ပါ။ ဒါဆိုရင်တော့ ပါတီပွဲက ပိုပြီး အသက်ဝင်လာကာ ပျော်ရွှင်ဖွယ် ပိုကောင်းလာမှာဖြစ်ပါတယ်။

Source: Freshflavorful

Featured Image: Lojsfhkfdjd