တစ်လလုံးအလုပ်တွေနဲ့ လုံးပန်းခဲ့သမျှ လကုန်ရက်လေးမှာ အေးအေးဆေးဆေး အနားယူအပန်းဖြေဖို့ ဆိုင်ကောင်းကောင်းရှာနေတယ်ဆိုရင်တော့ ထိုင်လို့ကောင်းတဲ့ Bar နဲ့ Restaurants တွေ စုစည်းရာ တောင်ဥက္ကလာပမြို့နယ် ထဲက အမိုက်စား Bar လေးတွေကို ကွီးတို့အတွက် စုစည်းတင်ဆက် ပေးလိုက်ပါတယ်။

(၁) G Six B.B.Q & Restaurant

Photo : G Six B.B.Q & Restaurant

ဒီဆိုင်လေးက လူငယ်ဆန်ဆန် အလွင့်တလိုင်းဆိုသူတွေအတွက် အထာကျကျ လွင့်လို့ရမယ့် Bar လေး။ ဆိုင်က ၂ ထပ် ရှိတယ်။ လွတ်လွတ်လပ်လပ် အေးဆေးထိုင်ချင်သူတွေအတွက် အပေါ်ထပ် Open Space ရယ် ၊ အလုံပိတ်ခန်းထဲမှာ DJ နဲ့ ကဲချင်သူတွေအတွက်က အောက်ထပ် Aircon ခန်းရယ်ဆိုပြီး ပုံစံ ၂ မျိုးလေး ပြင်ဆင်ပေးထားတယ်။ ဒီဆိုင်မှာ Live Dj က နေ့တိုင်းရှိတယ်။ Weekday ဆို ညနေ ၆ နာရီလောက် စတယ်။ Weekend ရက်တွေမှာတော့ ညနေ ၄ နာရီလောက်က စရှိတယ်။ အစားအသောက်တွေလဲ စုံတယ်။ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး Relax လုပ်ချင်တယ်ဆိုရင် ဒီ Bar လေးက ရှယ်ပဲ။ ဆိုင်လိပ်စာက အမှတ် ၈၈၉ ၊ ၄/၆ ဗြဟ္မစိုရ်လမ်း ၊ သီလ လမ်းထိပ် ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၂) Boozer G Bar


Photo : Boozer G Bar

ဒီဆိုင်လေးက ဖွင့်ထားတာ သိပ်မကြာသေးဘူး။ လူငယ်တွေကြားမှာလည်း တော်တော်လေး လူပြောများ ဟော့ဖြစ်နေတဲ့ Bar လေး။ ဆိုင်က တော်တော်ကျယ်တယ်။ သက်တောင့်သက်သာနဲ့ အထာကျကျ Chill လို့ရတယ်။ ဆိုင်ရဲ့ အပြင်အဆင်နဲ့ Decoration ကလည်း လုံးဝလူငယ်ဆန်ဆန်နဲ့ အထာကျတယ်။ ဓာတ်ပုံလှလှရိုက်ချင်တဲ့ လေဒီတို့အတွက်ကတော့ ကွက်တိပဲ။ နောက်ပြီး ဒီဆိုင်မှာအစားအသောက်တွေလည်း နာမည်ကြီးတယ်။ ခေါက်ဆွဲမီးပွင့်ကြော် ၊ ရှယ်ကိတ် ဂဏန်းဆားလှော် ၊ အီကြာကွေးအစာသွပ်နဲ့ နောက်ထပ်နောက်ထပ် ထူးခြားဆန်းပြား စားစရာလေးတွေ အများကြီးရတယ်။ သောက်စရာတွေလည်းစုံတယ်။ ဘီယာ ၊ ကော့လ်တေး ၊ ဆိုဂျူးဂျယ်လီ Shots လေးတွေနဲ့ မသောက်တက်တဲ့ သူတွေအတွက်လည်း Juice နဲ့ Milk Tea ဖျော်ရည်တွေ မှာလို့ရတယ်။ လက်ရှိပရိုမိုးရှင်းတွေလည်း အများကြီးပေးနေတယ်။ ကားပါကင်နေရာ လုံလုံလောက်လောက်ရှိတယ်။ ဘော်ဒါတွေနဲ့ အေးဆေး Chill မလား ၊ မိသားစုနဲ့ပဲ အစားအသောက်ဆန်းဆန်းလေးတွေ မြည်းစမ်းမလား အဆင်ပြေတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၉၅ H ၊ DIY Hot Pot ၂ ခြံကျော် ၊ ဝေဇယန္တာလမ်းမကြီး ၊ ပါရမီမီးပွိုင့်နဲ့ သစ္စာလမ်းမီးပွိုင့်ကြား ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Limitless BBQ & Restaurant

Photo : Limitless BBQ & Restaurant

ဒီဆိုင်လေးကလည်း လူငယ်ဆန်ဆန်နဲ့ လွတ်လပ်ပေါ့ပါး Vibe ကိုအပြည့်အဝ ခံစားရနိုင်မယ့် Bar လေး။ ဆိုင်အပြင်အဆင်က Indoor နဲ့ Outdoor ၂ မျိုး ရှိတယ်။ လွတ်လွတ်လပ်လပ် ၊ ပေါ့ပေါ့ပါးပါး အပြင်မှာ ထိုင်မလား ၊ အထဲမှာပဲ သက်တောင့်သက်သာနဲ့ အေးအေးအေးအေး ထိုင်မလား စိတ်ကြိုက်ရွေးလို့ ရတယ်။ ဓာတ်ဖမ်းချင်သူတွေအတွက်လည်း ဓာတ်ပုံရိုက်လို့လှတဲ့ နံရံဆေးရေးပန်းချီတွေ ရှိတယ်။ အပတ်စဉ် နေ့အလိုက် Unplugged Music နဲ့ Live DJ အစီအစဉ်တွေ ရှိတယ်။ အစားအသောက်တွေလည်း တော်တော်စုံတယ်။ ဒီဆိုင်မှာ မိုက်တာတစ်ခုက Drink နဲ့ စားစရာတွေကို Set အလိုက်လေးတွေ မှာလို့ရတော့ ဘာစားရမလဲ ဘာသောက်ရမလဲ ခေါင်းစားနေဖို့ မလိုတော့ဘူးပေါ့။ ဆိုင် ဖွင့်ချိန်က မနက် ၁၁ နာရီကနေ ည ၁၁ အထိ။ ဆိုင်လိပ်စာကတော့ အမှတ် ၂၉၈ ၊ ၄/၆ ဗြဟ္မစိုရ်လမ်း ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၄) Transporter Restaurant

Photo : Transporter Restaurant

ဒီဆိုင်လေးက နာမည်ကြီး အဆိုတော်တွေရဲ့ Live Music အစီအစဉ်တွေနဲ့ Stage Show တစ်ခု ကြည့်ရသလို ခံစားရစေမယ့် အမိုက်စား Bar လေး။ ဆိုင်နေရာအပြင်အဆင်က တကယ်ကို ကျယ်ကျယ်ဝန်းဝန်းနဲ့ Premium ဆန်တယ်။ မိသားစုနဲ့ ဖြစ်ဖြစ် ၊ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး Chill ချင်လို့ပဲ ဖြစ်ဖြစ် လုံးဝအဆင်ပြေတယ်။ အပတ်စဉ် Live DJ အစီအစဉ်တွေလည်းရှိတော့ လူငယ်တွေအတွက်လည်း အဆင်ပြေတယ်။ အစားအသောက်တွေလည်း တော်တော်စုံတယ်။ ဒီဆိုင်မှာ အကင်တွေလည်း တော်တော်မိုက်တယ်။ သီချင်းတွေ ၊ Live Music ဖျော်ဖြေမှုအစီအစဉ်တွေနဲ့ စိတ်လွတ်လက်လွတ် အနားယူအပန်းဖြေချင်တယ်ဆိုရင်တော့ ဒီဆိုင်လေးက သေချာပေါက်သွားသင့်တဲ့ ဆိုင်လေး။ ဆိုင်လိပ်စာက အမှတ်(၅၀) ၊ ဝေဇယန္တာလမ်း ၊ ၈ ရပ်ကွက် ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ဖြစ်ပါတယ်။

Featured Photo :Transporter Restaurant