Weekend မှာ ဘော်ဒါတွေနဲ့ ဆိုင်ထိုင်ဖို့ တွေးနေလား။ ထိုင်နေကျဆိုင်တွေ ရိုးအီနေလို့ အပြောင်းအလဲ ဖြစ်အောင် ခပ်မိုက်မိုက် ခပ်လန်းလန်း Bar လေးတွေ ပြောင်းထိုင်ချင်နေပြီလား။ ဒါဆိုရင်တော့ အားလပ်ရက်မှာ ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး သက်တောင့်သက်သာ Chill လို့ရမယ့် ရန်ကုန်မြို့ တွင်းက အမိုက်စား Bar နဲ့ Restaurant တွေကို ညွှန်းပေးချင်ပါတယ်။

(၁) Cozy Restaurant

Photo : Cozy Restaurant

ဒီဆိုင်လေးကတော့ တောင်ဥက္ကလာပမြို့နယ်ထဲက အပြင်အဆင်တွေလန်းသလို အစားအသောက်တွေလည်းစုံတဲ့ အမိုက်စား Bar And Restaurant ဆိုင်လေးပါ။ ဆိုင်နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းနဲ့ သက်တောင့်သက်သာရှိတဲ့အတွက် ဘော်ဒါတွေနဲ့ပဲ Chill မလား ၊ မိသားစုနဲ့ အနားယူ အပန်းဖြေမလား လုံးဝအဆင်ပြေပါတယ်။ Beer Band မျိုးစုံ ၊ Cozy ရဲ့ Signature Cocktail တွေ ၊ အေးစိမ့်နေတဲ့ ဆိုဂျူးတွေအပြင် တခြား သောက်စရာ Drinks မျိုးစုံ ရှိပါတယ်။ Food ပိုင်းမှာဆိုရင် တော်တော်လေး ရွေးချယ်စရာ Menu တွေစုံတဲ့အပြင် အကင်တွေ ၊ အရသာရှိတဲ့ ဟင်းပွဲတွေ အစုံရတယ်။ အဲကွန်းခန်း အေးစိမ့်စိမ့်လေးထဲမှာ အရသာရှိတဲ့ အစားအသောက်တွေနဲ့ သက်တောင့်သက်သာ Chill ချင်ရင်တော့ အမှတ် ၆၆၈ ၊ ဗြဟ္မစိုရ်လမ်း (၄/၆) ၊ တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ မှာရှိတဲ့ Cozy Restaurant ဆိုတဲ့ ဆိုင်လေးကို သွားရောက်ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။

(၂) Blitz-Bar,BBQ & Restaurant

Photo : Blitz-Bar,BBQ & Restaurant

ဒီဆိုင်လေးက မြောက်ဒဂုံမြို့နယ် ၊ ဦးဝိစာရလမ်းပေါ်က ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး အပြတ် Chill လို့ရမယ့် ဆိုင်လေးပါ။ ဒီဆိုင်လေးက ဆိုင်နေရာ ကျယ်ဝန်းသပ်ရပ်တာက တစ်ကြောင်း ၊ အစားအသောက်တွေ စုံလင်တာက တစ်ကြောင်း ၊ Unplugged ဖျော်ဖြေမှုအစီအစဉ်တွေ မိုက်တာက တစ်ကြောင်းနဲ့ တစ်နေရာတည်းမှာ ရေမီးစုံ မြေကြီးတုန်အောင် လွင့်လို့ရမှာ ဖြစ်ပါတယ်။ အပေါ်ထပ်အောက်ထပ် ကျယ်ကျယ်ဝန်းဝန်းရှိပြီး ညနေခင်းအချိန်တွေမှာဆိုရင် လေတဖြူးဖြူးနဲ့ လုံးဝ အေးအေးဆေးဆေး ထိုင်လို့အဆင်ပြေပါတယ်။ အရသာရှိတဲ့ အစားအသောက် Menu တွေကလည်း ရွေးရခက်လောက်အောင်ကို စုံလင်ပါတယ်။ အပတ်စဉ် အမိုက်စား Unplugged Band တွေရဲ့ ဖျော်ဖြေမှုအစီအစဉ်တွေနဲ့ သံစဉ်တွေကြားမှာ Relax လုပ်လို့ ရပါသေးတယ်။ ဆိုင်လိပ်စာကတော့ အမှတ် စ/ ၆၇ / A ၊ ဦးဝိစာရလမ်း ၊ မြောက်ဒဂုံ ၄၂ ရပ်ကွက် ၊ ခေမာမှတ်တိုင်အနီး ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

(၃) Washington BAR , BBQ & Restaurant

Photo : Washington BAR , BBQ & Restaurant

သင်္ကန်းကျွန်းမြို့နယ် အနီးတဝိုက်က ဘော်ဒါတွေအတွက် အစားအသောက်တွေကောင်းပြီး အေးအေးဆေးဆေး သက်တောင့်သက်သာ Chill လို့ရမယ့် ဆိုင်လေးတစ်ဆိုင် ပြောပြပေးပါမယ်။ ဒီဆိုင်လေးက ၁၄ / ၁၅ လမ်းဆုံအနီးမှာရှိတဲ့ Washington BAR , BBQ & Restaurant ဆိုတဲ့ ဆိုင်လေးပါ။ ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိတဲ့ ဆိုင်နေရာ အခင်းအကျင်းမှာ ဝါရင့် Thai Cuisine စားဖိုမှူးကြီးရဲ့ အထောင်းနဲ့ ထိုင်းစတိုင် ဟင်းပွဲတွေ ၊ ပြည်တော်ပြန်တရုတ်စဖိုမှူးကြီးရဲ့ တရုတ်စတိုင်မာလာရနံ့ BBQ အကင်မျိုးစုံနဲ့ အရသာရှိတဲ့ ဟင်းလျာတွေ မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။ အပတ်စဉ် အလန်းစား Unplugged Band တွေနဲ့ ​ဖျော်ဖြေမှုတွေနဲ့ အတူ ကိုယ်တိုင်ဟဲရတဲ့ Open Mic အစီအစဉ်တွေလည်း ရှိသေးတာမို့ စားရင်းသောက်ရင်း သီချင်းတွေနဲ့ လွင့်မြောရင်း လုံးဝအလွင့် Chill လို့ရမှာ ဖြစ်ပါတယ်။ ဆိုင်လိပ်စာကတော့ အမှတ် ၁၉၀ ၊ ရတနာလမ်းနဲ့ သုမင်္ဂလာလမ်းထောင့်၊ ၁၄/၁၅ လမ်းဆုံအနီး ၊ သင်္ကန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။

Featured Photo : Blitz-Bar,BBQ & Restaurant