တခါတလေကျ ကွီးတို့သိထားတဲ့ ဝတ်စားဆင်ယင်မှုတွေဟာ လွဲမှားနေတတ်ပါတယ်။ ဘောင်းဘီအကျပ်တွေဝတ်တာ စတိုင်ကျတယ်လို့ထင်ပြီးတော့ ပန်းရောင် ရှပ်အင်္ကျီတွေက ယောက်ကျားလေးတွေနဲ့ မလိုက်ဘူးလို့ ထင်တတ်ကြပါတယ်။

အခု kwee page က အဝတ်အစားဝတ်ဆင်တဲ့ နေရာမှာ သတိထားရမယ့်အချက်လေးတွေကို ပြောပြပေးသွားမှာပါ။

(၁) ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်မဝတ်ခြင်း

တချို့လူကြီးတွေက အခုထက်ထိ ရှပ်အင်္ကျီတွေ ဝတ်နေကြဆဲပါပဲ။ရှပ်အင်္ကျီဝတ်တဲ့အချိန်မှာ တွေ့ရလေ့ရှိတဲ့ အမှားကတော့ အင်္ကျီက ဘောင်းဘီ အပေါ်ကျော်ပြီး တွဲလောင်းကျနေတာပါပဲ။

ကွီးတို့ဟာ ၁၃ နှစ်သားမဟုတ်တော့ဘူးဆိုရင်တော့ ရှပ်အင်္ကျီ လက်ရှည်ဖြစ်စေ၊ လက်တိုဖြစ်စေ ဘောင်းဘီထဲထည့်ဝတ်တာက အကောင်းဆုံးပါ။

(၂) ဘောင်းဘီအိတ်ကပ်

ဟုတ်ပါတယ်။ အဝတ်အစားဆင်ဝတ်တဲ့အခါမှာ ဘောင်းဘီအိတ်ကပ်ကိုလည်းသတိထားရပါမယ်။

ကွီးတို့အပြင်သွားရင် သော့၊ ဖုန်း၊ ပိုက်ဆံအိတ် တို့ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လေ့ရှိတယ်မဟုတ်လား။

သားသားနားနား၊ စတိုင်ကျကျ ဝတ်ထားပေမဲ့ ဘောင်းဘီအိတ်ကပ်ကဖောင်းပွနေမယ်ဆိုရင် စတိုင်တွေ ပျက်သွားပါလိမ့်မယ်။

(၃) suit အမည်းရောင်ကိုပဲ နေ့စဉ်ဝတ်တာ

တကယ်လို့ ကွီးတို့ အလုပ်က ယူနီဖောင်းအနေနဲ့ suit ဝတ်စုံ ဝတ်ရတယ်ဆိုရင် suit အမည်းရောင် ကိုနေ့စဉ် ရက်ဆက် ဝတ်ဆင်စရာလိုပါဘူး။

အပြာရောင်၊ မီးခိုရောင်၊ အနီရောင် jacket တွေကို လိမ္မော် ပန်းနုရောင် ဘောင်းဘီတွေနဲ့ တွဲဝတ်ကြည့်ပါ။ အရမ်းစတိုင်ကျပြီး ကြည့်လို့ကောင်းပါတယ်။

တလတ်တလတ် တောက်ပနေတဲ့ suit ဝတ်စုံကိုတော့ မဝယ်ကြဖို့တော့ အကြံပေးပါရစေ။

(၄) ပန်းရောင် ရှပ်အင်္ကျီ

များသောအားဖြင့် ပန်းရောင်က မိန်းကလေးဆန်တယ်လို့ ထင်ထားကြပါတယ်။ ဒါကြောင့် ယောက်ကျားလေး တော်တော်များများဟာ ပန်းရောင် အဝတ်အစားတွေ ဝတ်ဆင်ခြင်းကိုရှောင်ကျဉ်လေ့ရှိကြတယ်။

ဒါပေမယ့် တချို့ ယောက်ကျားလေးတွေက ပန်းရောင် ရှပ်အင်္ကျီ ဝတ်ပြီး မိန်းကလေးတွေရဲ့ အာရုံကိုဖမ်းစားနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။

ယောက်ကျားလေးတစ်ယောက်အနေနဲ့ ပန်းရောင် အဝတ်အစားတွေဝတ်ဆင်ခြင်းက မိမိကိုယ်ကိုယုံကြည်မှုရှိကြောင်း နဲ့ ပတ်ဝန်းကျင်ရဲ့အမြင်ကို မကြောက်ဘူးဆိုတာကို ပြရာရောက်ပါတယ်။ဒါကြောင့် ပန်းရောင် ဝတ်ဆင်ရတာကို မကြောက်ပါနဲ့။

(၅) ဂျင်းဘောင်းဘီ အကြပ်တွေ

ယောက်ကျားလေးတိုင်း သူ့အရွယ်နဲ့လိုက်ဖက်မယ့် ဂျင်းတစ်စုံ တော့ ရှိသင့်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်မယ့် ဂျင်းအင်္ကျီဘောင်း ဘီတစ်စုံကောင်းကောင်းရဖို့ ဆိုတာ တော်တော်ခတ်ပါတယ်။

ဂျင်းဘောင်းဘီ ဝယ်တော့မယ်ဆိုရင် အရမ်းကျပ်ပြီး ကျစ်လစ်နေတဲ့ ဂျင်း ဒါမှမဟုတ် အရမ်းဖောင်းပြီးပွနေတဲ့ ဂျင်းဘောင်းဘီတွေ မဝယ်မိပါစေနဲ့။

ပြီးတော့ အရောင်တွေ ရောနေတဲ့ ဂျင်းဘောင်းဘီ၊ ဒါမှမဟုတ် ဒီဇိုင်းအရမ်းဆန်းနေတဲ့ ဂျင်းဘောင်းဘီတွေ ဝတ်ဆင်ခြင်းမှ လည်းရှောင်ရှားဖို့ အကြံပေးပါရစေ။

Source: Bright Side