EDM ဂီတပွဲတော် များသည် ပျော်ရွှင်စရာကောင်းတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး ပါတီချစ်သူများအကြား ရေပန်းစားပါတယ်။ အချို့ကလည်း ပျော်ပျော်ပါးပါးနှင့် စိတ်လွတ်လက်လွတ် ကခုန်ချင်ကြတဲ့အတွက်ကြောင့် EDM ဂီတပွဲတော် များဆီသို့ သွားရောက်ကြတာဖြစ်ပြီး အချို့ကလည်း ကမ္ဘာကျော် DJ များရဲ့ ဖျော်ဖြေတင်ဆက်မှုကို နားဆင်ခံစားချင်ကြလို့ သွားကြတာဖြစ်ပါတယ်။

ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်ပဲ သွားပါစေ အထာကျကျနဲ့ ပျော်ပါးပစ်ဖို့ လိုအပ်ပါတယ်။ ကွီးတို့အတွက် EDM ဂီတပွဲတော် များဆီသို့ အထာကျကျ သွားရောက်နိုင်အောင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို ကူညီပေးပါလိမ့်မယ်။

မိမိရဲ့ လုံခြုံမှုသည်သာ အဓိကဖြစ်ပြီး ကိုယ့်အဖွဲ့ရဲ့ လုံခြုံမှုက ဒုတိယအရေးအကြီးဆုံးပါ

မိမိရဲ့ လုံခြုံမှုသည်သာ အဓိကဖြစ်ပြီး ကိုယ့်အဖွဲ့ရဲ့ လုံခြုံမှုက ဒုတိယအရေးအကြီးဆုံးပါ

Photo: Festivalsherpa

ထိုပွဲတော်တွေသည် လူပေါင်း ထောင်ချီ တက်ရောက်ကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ကိုယ့်အဖွဲ့နဲ့ ကိုယ် လူစုမကွဲသွားအောင် သေချာ ဂရုစိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ထို့နောက် ကိုယ့်အဖွဲ့သားတွေ ၊ သူငယ်ချင်းတွေနဲ့ လူစုမကွဲအောင် ဂရုစိုက်သင့်ပါတယ်။

ကိုယ့်ရဲ့ လစ်မစ်ကို သိပါ

ကိုယ့်ရဲ့ လစ်မစ်ကို သိပါ

Photo: One EDM

ဂီတပွဲတော်ဖြစ်တဲ့အတွက်ကြောင့် အယ်လ်ကိုဟောဖျော်ရည်တွေသည်လည်း မပါမဖြစ်ပါပဲ။ ထိုအယ်လ်ကိုဟောဖျော်ရည်များကို သောက်သုံးတဲ့အခါ ကိုယ့်ရဲ့လစ်မစ်ကို သိဖို့လိုပါတယ်။ လူအများရှေ့မှာ ရုပ်ပျက် ဆင်းပျက်နဲ့ အော့အန်နေတာမျိုး ၊ မူးရူးပြီး အော်ဟစ်သောင်းကျန်းနေတာမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် သိက္ခာမချသင့်ပါဘူး။ ဂီတပွဲတော်ကိုလာတာ ဂီတနဲ့ မြူးတူးပျော်ပါးကခုန်ဖို့ မဟုတ်လား။

စိတ်လွတ်လက်လွတ် ပျော်ပါးပစ်လိုက်ပါ

EDM ဂီတပွဲတော်

Photo: Tkvco

EDM ပွဲကို သွားပြီဆိုကတည်းက ပျော်ပါးဖို့ သွားတာဖြစ်တဲ့အတွက်ကြောင့် ရှက်ရွံ့နေတာမျိုး ဖြစ်မနေပါနဲ့။ မကတတ်လည်း ယုံကြည်ချက်အပြည့်နဲ့သာ ကခုန်ပျော်ပါးပါ။ တေးသီချင်းများရဲ့ စည်းချက်နှင့် အညီ လိုက်ပါစီးမျောလိုက်ပါ။

စိတ်မလုံခြုံမှုကို ဖယ်ရှားလိုက်ပါ

EDM ဂီတပွဲတော်

Photo: Pinterest

ငါ့အဝတ်အစားက ဖက်ရှင်ကျရဲ့လား။ မည်းညစ်ကာ ဟောင်းနွမ်းနေပြီလား အစရှိတဲ့ စိတ်မလုံခြုံမှုတွေကို ဖယ်ရှားပစ်လိုက်ပါ။ အခြားသူတွေရဲ့ ဝတ်ပုံစားပုံ အပြုအမူတွေကိုလည်း မဝေဖန်ပါနဲ့။

သူစိမ်းတွေကြောင့် ကိုယ့်ရဲ့ ပျော်ရွှင်နေတဲ့ စိတ်ခံစားချက်ကို မဖျက်ဆီးလိုက်ပါနဲ့

EDM ဂီတပွဲတော်

Photo: Billboard

လူပေါင်း ရာထောင်ချီ လာရောက်ကြတဲ့ ပွဲတော်ဖြစ်တဲ့အတွက်ကြောင့် တစ်ခါတစ်လေမှာ အခန့်မသင့်လို့ တစ်ယောက်နဲ့တစ်ယောက် တွန်းတွန်းတိုက်တိုက် ဖြစ်သွားတာမျိုး၊ ခြေထောက် အနင်းခံလိုက်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ တမင် တက်နင်းတာမျိုး၊ တမင် တွန်းတိုက်တာမျိုး မဟုတ်တဲ့အတွက်ကြောင့် စိတ်မတိုလိုက်ပါနဲ့။

နောက်တစ်ချက် သတိထားရမှာကတော့ ကိုယ်နဲ့ မသိတဲ့သူတစ်ယောက်ယောက်က တိုက်တဲ့ ဖျော်ရည်များ၊ ကျွေးတဲ့ အစားအစာတွေကို အလွယ်တကူ ယုံကြည်ကာ မစားမိ မသောက်မိဖို့ပါပဲ။ ကိုယ့်သူငယ်ချင်းများနှင့်သာ စည်းစည်းလုံးလုံး ပျော်ပျော်ပါးပါး သွားရောက်လိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့ သွားရောက်တဲ့ ပွဲတော်သည် အပျော်တကာ့ အပျော်ဆုံးပွဲတော်တစ်ခုဖြစ်မှာ အမှန်ပါပဲ။

Source: Ecollegetimes

Featured Image: Dailymusicroll