EDM ဂီတပွဲတော်များသည် လူငယ်များအကြား ရေပန်းစားနေတဲ့ ပွဲတော်တစ်ခုဖြစ်ပြီး လူငယ်လူရွယ်များ ပါဝင် ဆင်နွှဲ လေ့ရှိကြပါတယ်။ ကွီးတို့အနေနဲ့ EDM ပွဲတော်တွေမှာ ကိုယ်တိုင် ပါဝင် ဆင်နွှဲ ဖို့ရန်အတွက် သိထားသင့်တဲ့ အချက်များရှိပါတယ်။

ထိုအချက်များအားလုံးကို သိထားရင်တော့ EDM ပွဲမှာ ပျော်ရွှင်စရာအကောင်းဆုံး ပါဝင်ဆင်နွှဲနိုင်မှာပဲ ဖြစ်ပါတယ်။

လိုအပ်တဲ့ သတင်းတွေအကုန် သိရှိပါစေ

DJ Lineup

သင် သိထားသင့်တဲ့ သတင်းအချက်အလက်တွေ မှန်သမျှကို သိအောင် ပြုလုပ်သင့်ပါတယ်။ ဘယ်အချိန်မှာ ပွဲစမယ်၊ ဘယ်နေရာမှာ ကျင်းပမှာ၊ ကားပါကင် ဘယ်နေရာမှာ ရပ်လို့ရမလဲ။ အစားအသောက် ဝယ်လို့ရမယ့်နေရာ ၊ Camp လုပ်နိုင်မယ့်နေရာ အစရှိတဲ့ အသေးစိတ်အချက်အလက်များကအစ သိရှိအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

DJ Lineup များကို သိထားအောင် ပြုလုပ်ပါ

DJ Lineup

သင် သွားရောက်မယ့် EDM ပွဲမှာ ဘယ် အနုပညာရှင်တွေ DJ တွေက လာရောက်ဖျော်ဖြေမှာလဲ။ ဖျောက်ဖြေမယ့် DJ သမားတွရဲ့ အလှည့်အစဥ်လိုက်ကို သိထားမယ်ဆိုရင်တော့ ပိုပြီး ပျော်ရွှင်စရာကောင်းမှာပါ။ တဖက်မှာလည်း DJ သမားအသစ်တွေနဲ့ တွေ့ရခဲ့ရင်လည်း ပိုမိုဆန်းသစ်တဲ့ အနုပညာကို ခံစားနိုင်မှာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ သူငယ်ချင်းအဖွဲ့နဲ့ လူစုမကွဲပါစေနဲ့

EDM ဆင်နွှဲ

Photo: Nbcnews

ဝါသနာတူတဲ့ သူငယ်ချင်းတွေ အဖွဲ့လိုက် စုပြီးသွားတာက ပိုပြီး ပျော်ရွှင်စရာကောင်းပါတယ်။ သူငယ်ချင်းတွေ အစုအဖွဲ့လိုက် သွားတဲ့အခါမှာလည်း ဘေးကင်းကင်းနဲ့ ပျော်ပါးနိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ပါ။ ကိုယ့်အဖွဲ့ထဲက သူငယ်ချင်းများကိုလည်း ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းအသစ်များနှင့်လည်း မိတ်ဖွဲ့နိုင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်နေပြီး ရေဓာတ်ပြည့်ဝဖို့လည်း လိုအပ်ပါတယ်

EDM ဆင်နွှဲ

ကိုဗစ်ကြောင့် လူအစုအဝေးနှင့် ပွဲတော်များ ကျင်းပခြင်းကို တားမြစ်လိုက်တာ အချိန်တော်တော်ကြာခဲ့ပါပြီ။ ကိုဗစ်တွေ ငြိမ်သွားတဲ့အချိန်မှာတော့ ပွဲတော်များ ပြန်လည်ကျင်းပတဲ့အခါ လူအများအပြား ဝင်ရောက်ဆင်နွှဲချင်ကြမှာပဲ ဖြစ်ပါတယ်။ လူအများအပြား ပြည့်ကြပ်ညှပ်နေတဲ့ ပွဲတွေကို သွားတဲ့အခါ လူတိုးမခံရအောင်၊ လူပိမခံရအောင် သေချာဂရုစိုက်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်နေဖို့လိုအပ်ပါတယ်။ ကျရောက်လာတဲ့ အန္တရာယ်ကိုလည်း ဖြတ်ထိုးဥာဏ်သုံးကာ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝဖို့ရန်အတွက် ရေဘူးလည်း ဆောင်သွားလိုက်ပါ။

သင့်ရဲ့ နားရွက်များကို ကာကွယ်ပါ

EDM ဆင်နွှဲ

Photo: Smarthearingsolutions

တခါတရံမှာ Sound Box ကြီးတွေက ကိုယ့်နားတည့်တည့်မှာ ရှိနေတတ်ပါတယ်။ သင့်အနေနဲ့ Sound Box နားမှာ အချိန်အကြာကြီး ရပ်နေရတဲ့အခါ သင့်နားစည်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် သင့်နားကို ကာကွယ်ဖို့ရန်အတွက် နားပိတ်အဆို့လေး အပိုအလိုမရှိရလေအောင် ဆောင်သွားရမှာပဲ ဖြစ်ပါတယ်။

မဖြစ်မနေ ယူဆောင်သွားရမယ့်အရာများ

EDM ဆင်နွှဲ

Power Bank များ ယူဆောင်သွားပါ။ ဆေးဝါးများ အပိုဆောင်သွားပါ။ မုန့်ပဲသွားရေစာများ ထည့်သွားပါ။ ပိုက်ဆံအပို ထည့်သွားပါ။ ထည့်သွားတဲ့ ပိုက်ဆံကိုလည်း သေချာသိမ်းဆည်းထားဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့အပြင် လူအုပ်ကြီးထဲမှာ ဟိုလူ့ကို တွန်းလိုက် ၊ ဒီလူ့ကို တိုက်လိုက်ဖြင့် မပြုလုပ်ရဘဲ ကိုယ့်အတွက် သီးသန့်နေရာတစ်ခု ရအောင်ဂရုစိုက်ရပါမယ်။

Source: Edmfestivalinsider

Featured Image: YouTube