မင်္ဂလာပါ ကွီးတို့ရေ…သာယာလှပတဲ့ နေ့တစ်နေ့ ကုန်ဆုံးတော့မယ့် ညနေခင်းအချိန်အခါမှာ ဘာလုပ်သင့်သလဲဆိုတာ ကွီးတို့သိပါသလား။ Happy Hours တွေနဲ့ အမြဲတမ်းပရိုမိုးရှင်း ချပေးလေ့ရှိတဲ့ ဘား နှင့် စားသောက်ဆိုင်မှာ ဘော်ဒါတွေနဲ့အတူတူ အချိန်ကုန်ဆုံးခြင်းပဲဖြစ်ပါတယ်။
Happy Hours များနှင့် ပရိုမိုးရှင်းချပေးနေတဲ့ အတန်ဆုံး ဘား နှင့် စားသောက်ဆိုင်တွေကတော့ အများကြီးပါပဲ။ ထိုအထဲကမှ အလန်းစားဘားနှင့် စားသောက်ဆိုင်များကို ကွီးတို့အတွက် စုစည်းပေးလိုက်ရပါတယ်။
Steak House Grill.Bar
ဒီဆိုင်ကတော့ အမှတ် (၆၈)၊ တော်ဝင်လမ်း၊ ၉ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၀ နာရီကနေ ည ၉ နာရီအထိဖြစ်ပါတယ်။ တနင်္ဂနွေနေ့တိုင်းမှာ Unplugged Music နဲ့ Chill နိုင်အောင် စီစဥ်ပေးထားပြီး Tiger Beer Promotion လေးလည်းရှိပါသေးတယ်။ Tiger ဘီဘာ နှစ်ခွက် တယ်၊ တစ်ခွက်လက်ဆောင်ဖြစ်ပြီး အကင်မျိုးစုံ၊ ဥရောပအစားအစာများ၊ ထိုင်းအစားအစာများ၊ တရုတ်အစားအစာများကိုလည်း မြည်းစမ်းစားသုံးနိုင်ပါတယ်။ ဒါ့အပြင် အရင်အပတ် တနင်္ဂနွေနေ့တွေတုန်းကတော့ Tige Beer Tower ပရိုမိုးရှင်လေးလည်း ပြုလုပ်ထားပေးပါသေးတယ်။ ပုံမှန်ဆိုရင် Tiger Beer Tower ၁၈၀၀၀ ကျပ်ကို Discount ဈေးနဲ့ ၁၂၅၀၀ ကျပ်နဲ့ ရရှိနိုင်မှာပဲဖြစ်ပါတယ်။
တနင်္ဂနွေနေ့တိုင်း Happy Hours ပရိုမိုးရှင်းမျိုးစုံ ပြုလုပ်ပေးတဲ့ ဘား တစ်ခုဖြစ်ပြီး ဘယ်လိုပရိုမိုးရှင်းလည်း သိချင်တယ်ဆိုရင်တော့ Steak House Grill.Bar ကိုသာ အရောက်လှမ်းသွားလိုက်ကြရအောင်။
Regional Bar
ဒီဆိုင်လေးရဲ့ တည်နေရာကတော့ လင့်ခ်လမ်းနှင့် ဓမ္မစေတီလမ်းကြား၊ ဗဟန်းမြို့နယ်မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မွန်းလွဲ ၂ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။ သူ့ရဲ့ Happy Hours ကတော့ နေ့လည် ၂ နာရီကနေ ညနေ ၆ နာရီအထိဖြစ်ပါတယ်။ ထိုအချိန်အတွင်းမှာ ပုလင်းအမျိုးအစား (၁၀) မျိုးကို ဒစ်စကောင့်စျေးနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ထို Happy Hours အချိန်အတွင်းမှာသာ ဝယ်ယူနိုင်မှာမို့ အသောက်တစ်လိုင်းကွီးတို့အနေနဲ့ အတန်ဆုံးဈေးနဲ့ ရချင်တယ်ဆိုရင်တော့ ထိုအချိန်အတွင်း သွားထိုင်သင့်ပါတယ်။ တခြားအချိန်တွေမှာတော့ ပုံမှန်ဈေးနဲ့သာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
9&9 Bistro Café and Lounge
ဒီဆိုင်ရဲ့ တည်နေရာကတော့ အမှတ် ၄၁-၄၄၊ ကျိုက်ဝိုင်းဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် ၉ နာရီကနေ ည ၁၁ နာရီအထိဖြစ်ပါတယ်။ သူ့ရဲ့ Happy Hour ကတော့ ညနေ ၃ နာရီကနေ ညနေ ၅ နာရီအထိဖြစ်ပါတယ်။ ထိုအချိန်အတွင်းမှာ ဘီယာတစ်ခွက် ၉၉၀ ကျပ်တည်းနဲ့ ရှယ်သောက်နိုင်မှာပဲဖြစ်ပါတယ်။ သို့သော် Happy Hour က ရက်အပြောင်းအလဲရှိတဲ့အတွက်ကြောင့် သူ့ရဲ့ 9&9 Bistro Café and Lounge ဖေ့ဘွတ်ခ် Page လေးကို Like လုပ်ထားမှသာလျှင် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲနေတာတွေကို သိနိုင်မှာဖြစ်ပါတယ်။ ထိုအစီအစဥ်အပြင် Guy 1 Get 1 အစီအစဥ်များကိုလည်း ရက်အလိုက် ပြုလုပ်ပေးပြီး Music Band ဖျော်ဖြေမှုများကိုလည်း နားဆင်ခံစားနိုင်ပါသေးတယ်။
Featured Image: Facebook