[Zawgyi]

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ရလဒ္ေတြဆုိးရြားေနတဲ့ နည္းျပအုိလီဂန္းနားဆုိးရွားကို ထုတ္ပယ္ဖို႔ ဆံုးျဖတ္ခဲ့မယ္ဆုိရင္ ေပါင္ ၇ သန္းဝန္းက်င္ ေပးေခ်ရလိမ့္မယ္လုိ႔ သိရပါတယ္။

ဆုိးရွားဟာ ဆုိးရြားတဲ့ရာသီအစကို ရင္ဆုိင္ေနရသူျဖစ္ၿပီး ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ ၈ ပြဲမွာ ၂ ပြဲသာ အႏုိင္ရရွိေအာင္ စြမ္းေဆာင္ထားႏုိင္ခဲ့ေပမယ့္ အိုးထရက္ဖို႔ဒ္မွာ ဆက္ရွိေနဖုိ႔အတြက္ တုိက္ပြဲဝင္ေနသူျဖစ္ပါတယ္။

Source: talkSPORTS

ၿပီးခဲ့တဲ့တနဂၤေႏြေန႔က နယူးကာဆယ္အသင္းကို ၁ ဂိုး ဂိုးမရွိနဲ႔ ရံႈးနိမ့္ခဲ့ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ နယူးကာဆယ္ဂိုးေပါက္ကို ၃ ႀကိမ္သာ ကန္သြင္းႏုိင္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ ႏွစ္ေပါင္း ၃၀ အတြင္း အဆုိးဆံုးရာသီအစျဖစ္ခဲ့ၿပီး ဆုိးရွားဟာ လက္ရွိအခ်ိန္မွာေတာ့ ေအာက္တုိဘာလ ၂၀ ရက္ေန႔မွာ ကစားရမယ့္ လီဗာပူးနဲ႔ပြဲစဥ္မွာ ႀကီးႀကီးမားမားရံႈးနိမ့္ခဲ့မယ္ဆုိရင္ ရာထူးကေန ထုတ္ပယ္ခံရမွာကို စိုးရိမ္ေနတယ္လုိ႔ သိရပါတယ္။

မန္ခ်က္စတာယူူႏုိက္တက္ဒုဥကၠဌ အက္ဒ္ဝုဒ္ဝဒ္ဟာ ၿပီးခဲ့တဲ့စက္တင္ဘာလမွာ အသင္းရဲ႕ စံခ်ိန္တင္ပိုင္ဆုိင္မႈပမာဏ ေပါင္ ၆၂၇ သန္းရွိေၾကာင္း ေၾကညာခဲ့ၿပီး ယင္းပမာဏဟာ နည္းျပေမာ္ရင္ဟိုကို ထုတ္ပယ္ခဲ့တဲ့အတြက္ ေပးေခ်ခဲ့ရတဲ့ ေပါင္ ၁၉.၆ သန္း ပါဝင္ၿပီးျဖစ္တယ္လုိ႔ သိရပါတယ္။

ဆုိးရွားဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၆ သန္း ရရွိေနသူျဖစ္ၿပီး နည္းျပေမာ္ရင္ဟိုရဲ႕ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၅ သန္းထက္စာရင္ ၂ ဆေက်ာ္ နည္းပါးၿပီး ရရွိေနသူျဖစ္ပါတယ္။

Source: talkSPORTS

မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဆုိးရွားကို နည္းျပရာထူးကေန ထုတ္ပယ္ဖို႔ ဆံုးျဖတ္လုိက္မယ္ဆုိရင္ေတာ့ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၆ သန္းေက်ာ္ဝန္းက်င္ ေပးေခ်ရမယ္လုိ႔ သိရပါတယ္။ ဆုိးရွားသာ ရာထူးကေန ထုတ္ပယ္ခံရရင္ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕လက္ေထာက္ေဟာင္း မိုက္ဖီလန္လည္း လုိက္ထြက္မယ္လုိ႔ ေမွ်ာ္လင့္ရၿပီး နည္းျပအဖြဲ႕ဝင္ေတြျဖစ္တဲ့ မိုက္ကယ္ကားရစ္၊ ကီရန္မက္ကန္နာတို႔လည္း အလုပ္ျပဳတ္မလားဆိုတာကို ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

[Unicode]

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရလဒ်တွေဆိုးရွားနေတဲ့ နည်းပြအိုလီဂန်းနားဆိုးရှားကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပေါင် ၇ သန်းဝန်းကျင် ပေးချေရလိမ့်မယ်လို့ သိရပါတယ်။

ဆိုးရှားဟာ ဆိုးရွားတဲ့ရာသီအစကို ရင်ဆိုင်နေရသူဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့အတွက် တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။

Source: talkSPORTS

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယူးကာဆယ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ နယူးကာဆယ်ဂိုးပေါက်ကို ၃ ကြိမ်သာ ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအတွက် နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံးရာသီအစဖြစ်ခဲ့ပြီး ဆိုးရှားဟာ လက်ရှိအချိန်မှာတော့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကစားရမယ့် လီဗာပူးနဲ့ပွဲစဉ်မှာ ကြီးကြီးမားမားရှုံးနိမ့်ခဲ့မယ်ဆိုရင် ရာထူးကနေ ထုတ်ပယ်ခံရမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူူနိုက်တက်ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလမှာ အသင်းရဲ့ စံချိန်တင်ပိုင်ဆိုင်မှုပမာဏ ပေါင် ၆၂၇ သန်းရှိကြောင်း ကြေညာခဲ့ပြီး ယင်းပမာဏဟာ နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ခဲ့တဲ့အတွက် ပေးချေခဲ့ရတဲ့ ပေါင် ၁၉.၆ သန်း ပါဝင်ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဆိုးရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်နှစ်လုပ်ခလစာ ပေါင် ၆ သန်း ရရှိနေသူဖြစ်ပြီး နည်းပြမော်ရင်ဟိုရဲ့ တစ်နှစ်လုပ်ခလစာ ပေါင် ၁၅ သန်းထက်စာရင် ၂ ဆကျော် နည်းပါးပြီး ရရှိနေသူဖြစ်ပါတယ်။

Source: talkSPORTS

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆိုးရှားကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ တစ်နှစ်လုပ်ခလစာ ပေါင် ၆ သန်းကျော်ဝန်းကျင် ပေးချေရမယ်လို့ သိရပါတယ်။ ဆိုးရှားသာ ရာထူးကနေ ထုတ်ပယ်ခံရရင် ဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်ထောက်ဟောင်း မိုက်ဖီလန်လည်း လိုက်ထွက်မယ်လို့ မျှော်လင့်ရပြီး နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ မိုက်ကယ်ကားရစ်၊ ကီရန်မက်ကန်နာတို့လည်း အလုပ်ပြုတ်မလားဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။