ချမ်းသာကြွယ်ဝချင်ရင် အပြင်မှာ တကယ်ချမ်းသာနေတဲ့သူတွေရဲ့ အကြံဉာဏ်ကို ရယူတာ အမှန်ဆုံးနည်းလမ်းပါပဲ။ Microsoft တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဘီလ်ဂိတ်စ်လို အချမ်းသာဆုံးသူဆီက စကားတွေကို နားထောင်တာ မှားစရာမရှိပါဘူး။ဒါကြောင့် ဘီလ်ဂိတ်စ်ဆီက ကြားရတဲ့ လုပ်ငန်းရှင်တွေအတွက် စိတ်ခွန်အားပေးနည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

“အောင်မြင်မှုက ခပ်ညစ်ညစ် ဆရာတစ်ယောက်ပါ။ တော်တဲ့သူတွေရဲ့ အတွေးမှာ သူတို့ရှုံးမှာ မဟုတ်ဘူးလို့ တွေးအောင် ဆွဲဆောင်ဖျားယောင်းတတ်တယ်”

bill-gates-quotes

Photo: allthatsinteresting

မရှုံးဘူးလို့ တွေးတာ ကောင်းပါတယ်။ဒါပေမယ့် အမှားတွေကနေ သင်ဖို့ မမေ့ပါနဲ့။ အောင်မြင်တဲ့အခါ မာန်မာန မထောင်လွှားဘဲ နေတတ်ပါစေ။ ဘာကိုမှ အပိုင်မတွက်ပါနဲ့လို့ ဆိုလိုတာ ဖြစ်ပါတယ်။

“လူတိုင်းမှာ ဆရာလိုပါတယ်။ ခင်ဗျားက ဘတ်စကတ်ဘောသမားလည်း ဖြစ်ချင်ဖြစ်မယ် ၊ တင်းနစ်ပလေယာလည်း ဖြစ်မယ်။ Gym ဆရာလည်း ဖြစ်မယ် ၊ ဖဲသမားလည်း ဖြစ်ချင်ဖြစ်မယ်။ အရေးကြီးတာ နည်းပြပဲ”

ကျွန်တော်တို့ လိုတာက ကျွန်တော်တို့အခြေအနေမှန်ကို သိတဲ့ လူတွေဆီက မှတ်ချက်ပါပဲ။ ကိုယ့်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ် တင်နိုင်မယ့် နည်းပြကောင်းတစ်ယောက် လိုပါတယ်။ ဒီလို လူတွေကပဲ ကိုယ့်လမ်းကြောင်း မှားနေရင် အမှန်ဘက်ကို တက်နိုင်မယ့်လမ်းကို အကြံပေးနိုင်လို့ ဖြ်စပါတယ်။

“Google ပဲ ဖြစ်ဖြစ် Apple ပဲ ဖြစ်ဖြစ် Free Software ပဲ ဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့မှာ အံ့အားသင့်စရာပြိုင်ဘက်တချို့ ရှိလာပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကို နိုးနိုးကြားကြား ရှိစေမယ့် ပြိုင်ဘက်တွေပေါ့”

သင့်အနေနဲ့ ပြိုင်ဘက်လုပ်ငန်းတွေကို သဘောမကျနိုင် ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ပြိုင်ဘက်တွေက ကိုယ့်ရဲ့ ဆန်းသစ်တီထွင်မှုနဲ့ မောင်းနှင်အားကို တွန်းပေးနေတဲ့ တွန်းအားလေးတွေဆိုတာ မမေ့ဖို့ လိုပါတယ်။ နောက်ပြီး ဒီပြိုင်ဘက်တွေဟာ သင့်ကို သူတို့ထက် သာအောင် လုပ်ဖို့ တွန်းနေရုံတင်မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်ပါ အရင်ကထက် ပိုကောင်းအောင် တွန်းပေးနေတဲ့ မိတ်ဆွေတွေပါပဲ။

“လူတွေဟာ အပြောင်းအလဲဆို အမြဲကြောက်တတ်ကြတယ်။ လျှပ်စစ်စပြီး တီထွင်တော့လည်း ကြောက်ခဲ့တာပဲ မဟုတ်လား”

အသစ်အသစ်တွေနဲ့ ပတ်သက်လို့ လျစ်လျူရှုတာနဲ့ မသေချာတဲ့စိတ်ဆိုတာ ဖြစ်လေ့ရှိတဲ့ သဘာဝပါပဲ။ မသိသေးတဲ့ အချက်တွေကို ဖော်ထုတ်တာဟာ ဆန်းသစ်တီထွင်မှုကို မောင်းနှင်ပါတယ်။ ဒါကြောင့် သမရိုးကျမဟုတ်တဲ့ အရာတစ်ခုခုကို စမ်းကြည့်ဖို့ ကြောက်မနေပါနဲ့လို့ ဘီလ်ဂိတ်စ်က အားပေးထားပါတယ်။

Bill Gates

Photo: CNBC

“သင့်ရဲ့ ဝန်ဆောင်မှုကို စိတ်တိုင်းမကျဆုံး ဖောက်သည်တွေက သင့်ရဲ့ လေ့လာရေး အရင်းအမြစ်ကောင်းကြီးတွေပါပဲ”
ကိုယ့်ထုတ်ကုန်နဲ့ ပတ်သက်လို့ ကွန်ပလိန်းလာရင် သေချာနားထောင်ပါ။ သူ့ရဲ့ စောဒဂတက်လာတဲ့ ထောက်ပြချက်ကနေ ပညာယူပါ။ Customer အမြဲမှန်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဖောက်သည်ဆီက သင်နည်းကို ပြောသွားတာ ဖြစ်ပါတယ်။ ဒီလို ဖောက်သည်တွေကြောင့်ပဲ ပိုကောင်းတဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ဖို့ ဖြစ်လာတတ်တာပါ။