ကျွန်တော်တို့ ယောကျာၤးလေးတွေမှာအဖြစ်များလေ့ရှိတာက ဂျင်းဘောင်းဘီတွေဟာ အခြားဘောင်းဘီတွေထက် ဝတ်ဆင်မှုနှုန်းပိုများပေမယ့်လည်း အရောင်နဲ့ ဒီဇိုင်းပေါ်မူတည်ပြီး ရွေးချယ်တတ်ကြပါတယ်။ အဲ့လိုအခြေအနေမျိုးဆို ဘယ်အရောင်ဟာ သင့်ရဲ့စိတ်ကြိုက်ဖြစ်မလဲ။ နက်ပြာလား  မိုးပြာလား။ ဒါမှမဟုတ်အနက်လား သို့မဟုတ် အဖြူလား။ တခါတလေကျတော့လည်း ကိုယ်ကြိုက်တဲ့အရောင်ဖြစ်ပေမယ့် ဘောင်းဘီပုံစံကို သဘောမကျလို့မဝယ်ဖြစ်တာမျိုးလည်းရှိပါတယ်။

ဒီဇိုင်းကိုပြောရမယ်ဆိုရင်လည်း ဘယ်လိုမျိုး Cutting ကသင့်စတိုင်ဖြစ်မလဲ။ Skinny အကျပ်လား သို့မဟုတ် Straight တဖြောင့်တည်းလား။ ဒါမှမဟုတ်ကိုယ့်အတွက် ပေါ့ပေါ့ပါးပါးဖြစ်မယ့်ဟာမျိုးကိုပဲ ဦးစားပေး ရွေးချယ်တာလား။ ဂျင်းနဲ့ပတ်သတ်ပြီး ဒီလိုမျိုးတစ်ယောက်နဲ့ တစ်ယောက်မတူညီမှုတွေဟာလည်း ကိုယ်ပိုင်ဟန်ကိုဖော်ကြူးတာမျိုးပါပဲ။

ရွေးချယ်တဲ့အခါမှာလည်း ကိုယ်ဝတ်သွားမယ့်နေရာနဲ့လိုက်အောင် အလေးပေးပြီးရွေးသင့်တဲ့အပြင် ကိုယ်ပတ်ဝန်းကျင်မှာ ဂျင်းတွေကို ဝတ်ဆင်နေကြတဲ့သူတွေကိုလည်း အရင်ဆုံး လေ့လာသင့်ပါတယ်။ သင့်ကိုယ်ပိုင်စတိုင်ဖြစ်မလဲ မသေချာသေးရင်တော့ အောက်မှာပေးထားတဲ့ပုံတွေကိုကြည့်ပြီး ကိုယ့်ရဲ့ Favorites Style ကိုဖော်ထုတ်နိုင်ပါတယ်။

Dark Wash  (သို့) Light Wash လား ။

Blue (သို့) Black လား ။

Clean  (သို့) Distressed လား ။

Cuff  (သို့)   No Cuff လား ။

Source :Denimhunters

Skinny  (သို့)   Slim လား ။

Straight  (သို့) Relaxed လား ။

Featured Image Source: MENSOPEDIA