[Zawgyi]

၂၀၁၇ ခုႏွစ္ကထြက္ရွိခဲ့တဲ့ IT ဇာတ္ကားဟာ Horror Movie ေလာကမွာေတာ္ေတာ္ေလး လူႀကိဳက္မ်ားေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ရုပ္ရွင္ဇာတ္ကားတစ္ကားအျဖစ္ရပ္တည္ႏုိင္ခဲ့ပါတယ္။ယခု၂၀၁၉ ခုႏွစ္မွာေတာ့ ပရိသတ္ေတြအားလံုးေစာင့္ေမွွ်ာ္ေနၾကတဲ့ IT Chapter 2 ကလည္းထပ္မံထြက္ရွိလို႔လာခဲ့ျပန္ပါၿပီ။ Chapter 1 မွာပရိသတ္ေတြ ၾကည့္ရႈ႕ခံစားခဲ့ၾကရတဲ့ IT ရဲ႕ အေငြ႕အသက္ေတြကိုျပန္လည္ခံစားႏိုင္မွာျဖစ္ၿပီး ေၾကာက္မက္ဖြယ္ေကာင္းတဲ့ Evil Clown Pennywise ႀကီးရဲ႕ ပံုရိပ္ေတြကိုလည္း ထပ္မံျမင္ေတြ႔ရေတာ့မွာျဖစ္ပါတယ္။

Source : moviemarker.co.uk

ပထမဇာတ္ကားမွာကတည္းက ေတာ္ေတာ္ေလး ေအာင္ျမင္ခဲ့တဲ့အတြက္ IT Chapter 2 ဇာတ္ကားဟာပရိသတ္ေတြ အတြက္ေတာ့ တကယ့္ကိုရင္ခုန္စရာအျပည့္နဲ႔ ေစာင့္စားခဲ့ၾကရတဲ့ဇာတ္ကားတစ္ကားလို႔ေျပာရင္မမွားႏိုင္ပါဘူး။ IT ရဲ႕ ထံုးစံ အတိုင္းေတာ္ေတာ္ေလးကို ထိတ္လန္႔ဖြယ္ေကာင္းတဲ့ Jump Scare ေတြ ေျခာက္လွန္႔ခန္းေတြကေတာ့ ရုပ္ရွင္ၾကည့္ပရိသတ္ေတြကို ရင္တထိတ္ထိတ္ျဖစ္ေစအုန္းမွာျဖစ္ပါတယ္။ ဇာတ္လမ္းၾကာခ်ိန္အေနနဲ႔လည္း ႏွစ္နာရီေက်ာ္သံုးနာရီနီးပါးၾကာ ျမင့္ၿပီး တရိပ္ရိပ္တက္လာတဲ့ဇာတ္ရွိန္ရယ္ ဇာတ္လမ္းအသြားအလာေတြရယ္ ေနာက္ဆံုးပိတ္အဆံုးသတ္ေတြရယ္ကို Stephen King ရဲ႕ ဝတၱဳရဲ႕ အရသာပ်က္မသြားေစပဲေတာ္ေတာ္ေလးျပည့္ျပည့္စံုစံုျဖစ္ေအာင္ ဒါရိုက္တာ Andy Muschietti ကအေကာင္းဆံုးဖန္တီးတင္ဆက္ထားတာျဖစ္ပါတယ္။

Source : The Verge

The Losers’ Club ရဲ႕ လူႀကီးပိုင္းအ႐ႊယ္ဇာတ္ေကာင္ေနရာ မွာပါဝင္သရုပ္ေဆာင္ခဲ့ၾကတဲ့ သရုပ္ေဆာင္ေတြရဲ႕ စြမ္းရည္ေတြကလည္းေတာ္ေတာ္ေလးကိုအေသးစိတ္လုပ္ျပသြားႏိုင္ခဲ့ၿပီး Pennywise ႀကီးကေတာ့ထံုးစံအတိုင္းပဲ ထိတ္လန္႔ေျခာက္ ျခားဖြယ္ဇာတ္ရုပ္ကိုအျပည့္အဝေပးစြမ္းႏိုင္တာေတြ႔ရပါတယ္။IT Chapter 2 ဇာတ္ကားဟာ IMDB : 7/10 ရရွိထားၿပီး Box Office ရဲ႕ ထိပ္ဆံုးမွာေနရာယူထားကာ ရံုဝင္ေငြအေကာင္းဆံုးဇာတ္ကားတစ္ကားအျဖစ္ရွိေနတာျဖစ္ပါတယ္။ဇာတ္လမ္းအက်ဥ္းကေတာ့ The Losers’ Club အတြက္အဆိုးရႊားဆံုးအျဖစ္အပ်က္ဆိုးေတြေက်ာ္လြန္ၿပီး (၂၇) ႏွစ္အၾကာမွာ ေၾကာက္မက္စရာေကာင္းတဲ့ Pennywise ႀကီးတစ္ေယာက္ Derry ၿမိဳ႕ေလးကိုျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။

Source : Fortune

The Losers’ Club အဖြဲ႕သားေတြရဲ႕ ကေလးဘဝကေမ့ေပ်ာက္ရခက္တဲ့အတိတ္ဆိုးေတြကိုဖန္တီးေပးခဲ့တဲ့ Pennywise ႀကီးျပန္လည္ေရာက္ရွိလာခ်ိန္မွာေတာ့ The Losers’ Club အဖြဲ႕သားေတြျပန္လည္စုစည္းၿပီး Pennywise ႀကီးနဲ႔ ေနာက္ ထပ္တစ္ႀကိမ္ထိပ္တိုက္ရင္ဆိုင္ဖို႔ ျပင္ဆင္ၾကပါေတာ့တယ္။Losers’ Club အေနနဲ႔ Pennywise ႀကီးကို ဘယ္လိုေတြထိပ္တိုက္ရင္ဆိုင္သြားၾကအုန္းမွာလဲ Pennywiseကို အျပတ္ရွင္းထုတ္ၿပီးအတိတ္ကအိပ္မက္ဆိုးေတြကေန ႏိုးထႏုိင္မွာလား။ Pennywise ကေရာအရင္ကထက္ Powerful ျဖစ္ လာၿပီး ဘယ္လိုေတြထိတ္လန္႔ဖြယ္ေျခာက္လွန္႔သြားအုန္းမွာလဲ စတဲ့ေမးခြန္းေတြကိုေတာ့ ပရိသတ္ေတြကပဲ ေငြေရာင္ပိတ္ကားထက္မွာဆက္လက္ၾကည့္ရႈ႕ခံစားလိုက္ပါအုန္းေနာ္။

Source : Warner Bros. Pictures

ျပသေပးသြားမည့္ ႐ံုမ်ား

Junction City, Junction Square, City Mall (St.John), Nay Pyi Taw , Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung) ,Mingalar Cinemas Gold Class .

 

[Unicode]

 

၂၀၁၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ IT ဇာတ်ကားဟာ Horror Movie လောကမှာတော်တော်လေး လူကြိုက်များအောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ယခု၂၀၁၉ ခုနှစ်မှာတော့ ပရိသတ်တွေအားလုံးစောင့်မျှော်နေကြတဲ့ IT Chapter 2 ကလည်းထပ်မံထွက်ရှိလို့လာခဲ့ပြန်ပါပြီ။ Chapter 1 မှာပရိသတ်တွေ ကြည့်ရှု့ခံစားခဲ့ကြရတဲ့ IT ရဲ့ အငွေ့အသက်တွေကိုပြန်လည်ခံစားနိုင်မှာဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ Evil Clown Pennywise ကြီးရဲ့ ပုံရိပ်တွေကိုလည်း ထပ်မံမြင်တွေ့ရတော့မှာဖြစ်ပါတယ်။

Source : moviemarker.co.uk

ပထမဇာတ်ကားမှာကတည်းက တော်တော်လေး အောင်မြင်ခဲ့တဲ့အတွက် IT Chapter 2 ဇာတ်ကားဟာပရိသတ်တွေ အတွက်တော့ တကယ့်ကိုရင်ခုန်စရာအပြည့်နဲ့ စောင့်စားခဲ့ကြရတဲ့ဇာတ်ကားတစ်ကားလို့ပြောရင်မမှားနိုင်ပါဘူး။ IT ရဲ့ ထုံးစံ အတိုင်းတော်တော်လေးကို ထိတ်လန့်ဖွယ်ကောင်းတဲ့ Jump Scare တွေ ခြောက်လှန့်ခန်းတွေကတော့ ရုပ်ရှင်ကြည့်ပရိသတ်တွေကို ရင်တထိတ်ထိတ်ဖြစ်စေအုန်းမှာဖြစ်ပါတယ်။ ဇာတ်လမ်းကြာချိန်အနေနဲ့လည်း နှစ်နာရီကျော်သုံးနာရီနီးပါးကြာ မြင့်ပြီး တရိပ်ရိပ်တက်လာတဲ့ဇာတ်ရှိန်ရယ် ဇာတ်လမ်းအသွားအလာတွေရယ် နောက်ဆုံးပိတ်အဆုံးသတ်တွေရယ်ကို Stephen King ရဲ့ ဝတ္တုရဲ့ အရသာပျက်မသွားစေပဲတော်တော်လေးပြည့်ပြည့်စုံစုံဖြစ်အောင် ဒါရိုက်တာ Andy Muschietti ကအကောင်းဆုံးဖန်တီးတင်ဆက်ထားတာဖြစ်ပါတယ်။

Source : The Verge

The Losers’ Club ရဲ့ လူကြီးပိုင်းအရွှယ်ဇာတ်ကောင်နေရာ မှာပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေရဲ့ စွမ်းရည်တွေကလည်းတော်တော်လေးကိုအသေးစိတ်လုပ်ပြသွားနိုင်ခဲ့ပြီး Pennywise ကြီးကတော့ထုံးစံအတိုင်းပဲ ထိတ်လန့်ခြောက် ခြားဖွယ်ဇာတ်ရုပ်ကိုအပြည့်အဝပေးစွမ်းနိုင်တာတွေ့ရပါတယ်။IT Chapter 2 ဇာတ်ကားဟာ IMDB : 7/10 ရရှိထားပြီး Box Office ရဲ့ ထိပ်ဆုံးမှာနေရာယူထားကာ ရုံဝင်ငွေအကောင်းဆုံးဇာတ်ကားတစ်ကားအဖြစ်ရှိနေတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ The Losers’ Club အတွက်အဆိုးရွှားဆုံးအဖြစ်အပျက်ဆိုးတွေကျော်လွန်ပြီး (၂၇) နှစ်အကြာမှာ ကြောက်မက်စရာကောင်းတဲ့ Pennywise ကြီးတစ်ယောက် Derry မြို့လေးကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

Source : Fortune

The Losers’ Club အဖွဲ့သားတွေရဲ့ ကလေးဘဝကမေ့ပျောက်ရခက်တဲ့အတိတ်ဆိုးတွေကိုဖန်တီးပေးခဲ့တဲ့ Pennywise ကြီးပြန်လည်ရောက်ရှိလာချိန်မှာတော့ The Losers’ Club အဖွဲ့သားတွေပြန်လည်စုစည်းပြီး Pennywise ကြီးနဲ့ နောက် ထပ်တစ်ကြိမ်ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်ကြပါတော့တယ်။Losers’ Club အနေနဲ့ Pennywise ကြီးကို ဘယ်လိုတွေထိပ်တိုက်ရင်ဆိုင်သွားကြအုန်းမှာလဲ Pennywiseကို အပြတ်ရှင်းထုတ်ပြီးအတိတ်ကအိပ်မက်ဆိုးတွေကနေ နိုးထနိုင်မှာလား။ Pennywise ကရောအရင်ကထက် Powerful ဖြစ် လာပြီး ဘယ်လိုတွေထိတ်လန့်ဖွယ်ခြောက်လှန့်သွားအုန်းမှာလဲ စတဲ့မေးခွန်းတွေကိုတော့ ပရိသတ်တွေကပဲ ငွေရောင်ပိတ်ကားထက်မှာဆက်လက်ကြည့်ရှု့ခံစားလိုက်ပါအုန်းနော်။

Source : Warner Bros. Pictures

ပြသပေးသွားမည့် ရုံများ

Junction City, Junction Square, City Mall (St.John), Nay Pyi Taw , Mingalar Sanpya, Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Dagon Center 2 , Top Royal (Parami – Sein Gay Har) , Mingalar Sein Gay Har (Hlaing Thar Yar), Mingalar North Okkalapa, Mingalar Tamwe (Bayint Naung) ,Mingalar Cinemas Gold Class .