တေးဂီတကိုရှုးသွပ်တဲ့သူအနေနဲ့ ကိုယ်ကြိုက်တဲ့ အဆိုတော်ကို Stalk လုပ်တာသဘာဝပါ။ သီချင်းအသစ်ကဘာတွေထွက်လဲ ဘယ် Tour တွေလှည့်လယ်ဖျော်နေသလဲ အပြင်တချို့ဆို Personal ကိစ္စတွေအထိပါ စိတ်ဝင်စားတတ်ကြပါတယ်။ နောက်ပြီး ကိုယ်ကြိုက်တဲ့ Music အမျိုးအစားနဲ့ပတ်သက်ပြီး ခေတ်စားလာတဲ့ အဆိုတော်အသစ်သစ်တွေကို Internet မှာလိုက်ရှာအားပေးပြီး သူငယ်ချင်းတွေကို Share တာမျိုးလည်းလုပ်လေ့ရှိပါတယ်။ အဆိုတော်တိုင်း သီချင်းတိုင်းဟာ ကိုယ့်အကြိုက်မဟုတ်ပေမယ့် ကိုယ့်အကြိုက်နဲ့ကိုက်မယ့် အဆိုတော်ကိုလိုက်ရှာရတာဟာ Music ကိုအရမ်းကြိုက်နှစ်သက်တဲ့သူတွေအတွက် Fun တစ်မျိုးပါပဲ။

Source: Shutterstock

မနေ့ကအထိ ဒီလိုကိုယ့်အကြိုက်ကိုသိပြီး ဆိုပေးတဲ့သူမရှိသေးဘူးလို့ထင်ထားခဲ့ပေမယ့် ဒီနေ့ကျတော့ သူဟာရုတ်တရက်ကြီးပေါ်လာသလိုမျိုး သူ့ Music တွေကို ဘာလို့နားမထောင်ဖူးရလေခြင်းလို့ ခံစားချက်မျိုးဖြစ်ဖူးပါလိမ့်မယ်။ ဒါကို Miracle လို့လဲခေါ်နိုင်ပါတယ်။  စာရေးသူလဲအဲ့လိုမျိုးကြုံဖူးပါတယ် ၂၀၁၁ လောက်က Lana Del Rey ရဲ့ Single သီချင်းတစ်ပုဒ်ဖြစ်တဲ့ Video Games ဆိုတဲ့ သီချင်းနဲ့ပဲဖြစ်ပါတယ်။ နားထောင်ဖြစ်တာကတော့ Twitter ကနေဖြစ်ပြီး သူမကဘယ်သူလဲ သူမသီချင်းအမျိုးအစားကဘာလဲ ဆိုတဲ့အဖြေတွေကိုရှာ ပြီးသူမကို တောက်လျောက်အားပေးခဲ့တာ ဒီနေ့အထိပါပဲ။

Source: Shutterstock

အဲ့လိုမျိုးပဲကိုယ်ကြိုက်တဲ့ ဂီတအမျိုးအစားကိုဆိုတဲ့ တစ်ခြားအဆိုတော်တွေလဲရှိပါတယ်။ တစ်ချို့ကို တီဗီအစီအစဉ်တွေကရှာတွေ့သလို တစ်ချို့ကို Internet မှလည်းကောင်း သူငယ်ချင်းတွေဆီကလည်းကောင်းတစ်ဆင့် သိရတာမျိုးလဲဖြစ်နိုင်ပါတယ်။ သင်ကော အပေါ်ကပြောခဲ့သလို သူ့သီချင်းကိုနားထောင်လိုက်ရင် ဘာနဲ့မှမတူတဲ့ ခံစားချက်ကိုရလိုက်တာမျိုး ခံစားဖူးရဲ့လား။ Music အမျိုးအစားတွေကများပြီး အခုနောက်ပိုင်းတော်တော် လှိုင်းစုံလာပါတယ်။ အခုပြောပြသလို Excitement ပေးနိုင်တဲ့သူကိုရှာမတွေ့သေးဘူးဆိုရင်တော့ တွေ့အောင်ရှာကြည့်ပြီး အဲ့အနှစ်သာရကိုခံစားနိုင်ပါစေ။