အားလပ်ရက်မှာ ကိုယ့်နေအိမ်ခြံဝန်းလေးထဲမှာပဲ Outdoor ပါတီ ကျင်းပဖို့ စဉ်းစားနေတဲ့ ကွီးတို့အတွက် ပြီးပြည့်စုံတဲ့ ပါတီလေး ဖြစ်ဖို့ ကြိုတင်ပြင်ဆင် သင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ပါတီအပြင်အဆင်ကို ရာသီအလိုက် ကိုက်ညီအောင် ပြင်ဆင်ပါ
Photo : Trendingus.com
Outdoor ပါတီ ကျင်းပမယ်ဆိုရင် ပါတီ Decoration အပြင်အဆင်က အရေးကြီးဆုံးပါပဲ။ အခုလို သီတင်းကျွတ် အားလပ်ရက် ကာလမှာတော့ အလှဆင် မီးပုံလေးတွေ ၊ မီးလုံးလေးတွေနဲ့ ပါတီကို ပြင်ဆင်တာက အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ အောက်တိုဘာလရဲ့ အထင်ကရ ပွဲတော်တစ်ခုဖြစ်တဲ့ ဟော်လိုးဝင်းပါတီ အပြင်အဆင်လေးတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါမယ်။
(၂) BBQ အကင်ဖို ထည့်သွင်းပါ
Photo : Redro
နေအိမ်ခြံဝန်းလေးထဲ ကျင်းပမယ့် Outdoor ပါတီမှာ BBQ အကင်တွေမပါရင် ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အကင် ကင်ဖို့အတွက် BBQ အကင်ဖိုတစ်ခု မဖြစ်မနေ ပြင်ဆင်ထားဖို့ လိုပါမယ်။ BBQ အကင်နဲ့ လိုက်ဖက်တဲ့ ဘီယာနဲ့ ကော့လ်တေး Drinks တွေလည်း မပါမဖြစ် ထည့်သွင်းပြင်ဆင်ထားပါ။ ဘော်ဒါတွေနဲ့ ဖြစ်ဖြစ် ၊ မိသားစုနဲ့ပဲ ဖြစ်ဖြစ် BBQ အကင်တွေ ကိုယ်တိုင်ကိုယ်ကျ ကင်ရင်း ပါတီကို ပျော်ပျော်ပါးပါး ဖြတ်သန်းလို့ရပါတယ်။
(၃) မီးပုံပွဲလေး ပါပါစေ
Photo : Locale Magazine
ညနေစောင်းလာတာနဲ့အမျှ ရာသီဥတုက သက်တောင့်သက်သာ ပိုပြီးရှိလာနိုင်ပေမယ့် မိုးကုပ်စက်ဝိုင်းအောက် လေဟာနယ်ကွင်းပြင်ကျယ်မှာ ကျင်းပမယ့် Outdoor ပါတီဖြစ်တဲ့အတွက် ညဉ့်နက်လေ အအေးဓာတ်စိမ့်လာလေ ဖြစ်တာကြောင့် မီးပုံပွဲလေးထည့်သွင်းတာက ကွီးတို့ပါတီလေးကို နွေးနွေးထွေးထွေးနဲ့ Cozy Vibe လေး ရစေမှာဖြစ်ပါတယ်။
(၄) ပရိုဂျက်တာလေး ပြင်ဆင်ထားပါ
Photo : The Spruce
ကွီးတို့ရဲ့ ပါတီလေးကို ပိုပြီး ပြည့်စုံခမ်းနားစေချင်တယ်ဆိုရင်တော့ ပရိုဂျက်တာလေး တစ်ခုပါ ထည့်သွင်းပြင်ဆင်ဖို့ အကြံပြုချင်ပါတယ်။ စားစရာသောက်စရာတွေ ဖွယ်ဖွယ်ရာရာပြင်ဆင်ပြီး ရုပ်ရှင်ဇာတ်ကားကောင်းလေးတွေ ကြည့်ရင်း ဖြတ်သန်းခြင်းကလည်း တကယ်ကို မိုက်ပါတယ်။ အမိုးအကာတွေမရှိတဲ့ ကွင်းပြင်ထဲမှာ သီးသန့် Outdoor ရုပ်ရှင်ရုံ အသေးစားလေး ဖန်တီးပြီး ချစ်ရသူတွေနဲ့ ပျော်စရာအချိန်လေးကို ဖြတ်သန်းလိုက်ပါ။
Featured Photo : Just 4 Fun Party Rentals