ပွင့်လင်းရာသီ ရောက်လာပြီဆိုတော့ ခြံဝန်းအကျယ်ကြီးထဲမှာ ဘော်ဒါတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ပါတီဆင်နွှဲလို့ ရပါပြီ။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ Outdoor ခြံဝန်းကျယ်ကြီးထဲမှာ ရုပ်ရှင် ပါတီ တစ်ခု ဖန်တီးချင်ပါသလား။ ဖန်တီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းတွေကတော့ ဘော်ဒါတွေနဲ့အတူတူ Outdoor ရုပ်ရှင် ပါတီ ဖန်တီးချင်သူများအတွက် မရှိမဖြစ်သိထားသင့်တဲ့အရာတွေပဲ ဖြစ်ပါတယ်။

ရာသီဥတုကို အရင်ဆုံး လေ့လာအကဲခတ်ပါ

Outdoor ရုပ်ရှင် ပါတီ

Photo: Pinterest

ဒီအချက်ကတော့ အရေးအကြီးဆုံးပါပဲ။ အကုန်လုံး ပြင်ဆင်ပြီးခါမှ မိုးသားတိမ်တိုက်ကြီး မဲတက်လာလို့ ပါတီပွဲ ဖျက်လိုက်ရတာမျိုးဆို နှမြောစရာကောင်းလှပါတယ်။ ဘယ်လောက်ပဲ ပွင့်လင်းရာသီရောက်နေပြီပဲပြောပြော ရာသီဥတုက တခါတရံမှာ မုန်တိုင်းများ ဝင်တတ်တဲ့အတွက်ကြောင့် မိုးလေဝသကို သေချာနားထောင်ပြီးမှသာလျှင် Outdoor ရုပ်ရှင် ပါတီ ကျင်းပသင့် မကျင်းပသင့် ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။

နေရာရွေးချယ်ပါ

Outdoor ရုပ်ရှင် ပါတီ

Photo: Hebrewnational

ခြံဝန်းက ကျယ်ကျယ်ဝန်းဝန်းလေး ဖြစ်နေတဲ့အခါ နေရထိုင်ရတာလည်း သက်သောင့်သက်သာဖြစ်ပြီး ရုပ်ရှင်ကြည့်ရတာလည်း ပိုမိုပျော်ဖို့ ကောင်းမှာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ခြံဝန်းထဲမှာပဲ ကျင်းပမလား (သို့) ဘော်ဒါတစ်ယောက်ယောက်ရဲ့ ခြံဝန်းထဲမှာပဲ ကျင်းပမလား (သို့) ခြံဝန်းကျယ်ကြီးတစ်ခုမှာ တစ်ညခန့် ငှားရမ်းပြီး ကျင်းပမလားဆိုတာကတော့ ပါတီပွဲလုပ်မယ့် ဘော်ဒါတွေ စုပြီး တိုင်ပင်သင့်ပါတယ်။

အားလုံး ကြိုက်နှစ်သက်မယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ရွေးချယ်ပါ

Outdoor ရုပ်ရှင် ပါတီ

ဒီအချက်ကလည်း အရေးကြီးပါတယ်။ အားလုံးကျကျနန ပြင်ဆင်ပြီးခါမှ ရွေးချယ်ထားတဲ့ ဇာတ်ကားက ပျင်းရိငြီးငွေ့ဖွယ် ကောင်းတယ်ဆိုရင် ထို Outdoor ရုပ်ရှင် ပါတီသည်လည်း အချိန်ကုန် လူပင်ပန်းတာပဲရှိပါလိမ့်မယ်။ တန်ဖိုးရှိတဲ့ အချိန်ကို ရုပ်ရှင်ကား ကောင်းကောင်း ကြည့်ရှုရင်းသာ ကုန်ဆုံးသင့်ပါတယ်။ တကယ်လို့ ကြည့်ချင်တဲ့ ဇာတ်ကားတွေက များတယ်ဆိုရင် မဲနှိုက်ပြီး ဆုံးဖြတ်တာကတော့ အကောင်းဆုံးပါပဲ။

လိုအပ်မယ့် အပြင်အဆင်အားလုံး ပြင်ဆင်ထားပါ

movie party

ရွက်ဖျင်တဲလေး ထိုးပြီး ရွက်ဖျင်တဲထဲကနေ ရုပ်ရှင် ကြည့်ချင်တာလား (သို့) စားစရာ စားပွဲဝိုင်းကြီးကို အလယ်မှာ ချထားရင်း အစား စားကာ ရုပ်ရှင်ကြည့်ချင်တာလား။ မိမိကြိုက်နှစ်သက်သလို Decoration အပြင်အဆင်များကို ရွေးချယ်ကာ သေချာပြင်ဆင်နိုင်ပါတယ်။ ရောင်စုံ မီးလုံးလေးများ တပ်ဆင်ထားနိုင်သလို၊ ကောဇောကြီး ခင်းကာ ကောဇောပေါ်မှာ လှဲလျောင်းကာ ရုပ်ရှင်ကြည့်ရင်း အပန်းဖြေ အနားယူနိုင်ပါတယ်။

အစားအစာနှင့် အယ်လ်ကိုဟော ဖျော်ရည်မျိုးစုံ ပြင်ဆင်ထားပါ

movie party

ပါတီပွဲ ပြင်ဆင်ပြီဆိုကတည်းက အစားအစာနှင့် မုန့်ပဲသွားရေစာများ ၊ ဖျော်ရည်မျိုးစုံအပြင် အယ်လ်ကိုဟော ဖျော်ရည်များကလည်း မပါမဖြစ်ပါပဲ။ အယ်လ်ကိုဟော မသောက်သူများအတွက်လည်း ဖျော်ရည်များ ပြင်ဆင်ပေးရမှာဖြစ်ပြီး သားသတ်လွတ်သမားများအတွက်လည်း အခြားသော အစားအစာများကို ပြင်ဆင်ပေးထားဖို့ လိုအပ်ပါတယ်။

ဒီအချက်များကို သိထားပြီးပြီဆိုရင်တော့ ကွီးတို့ရဲ့ ခြံဝန်းကျယ်ကြီးထဲမှာ ကျင်းပမယ့် ရုပ်ရှင်ပါတီပွဲကြီးကို တပျော်တပါးကြီး ဆင်နွှဲနိုင်ပြီပဲဖြစ်ပါတယ်။

Source: Rbitaliablog

Featured Image: Reviewed