ကိုယ့်ရဲ့ ဝန်ထမ်းတွေအတွက် Staff Party ကျင်းပပေးချင်တာမျိုး (သို့) ဘော်ဒါတွေနဲ့အတူတူ Private ဆန်တဲ့ ပါတီ ပွဲမျိုး ကျင်းပချင်တယ်ဆိုရင်တော့ ဘား နှင့် စားသောက်ဆိုင်တို့ကို သေချာရွေးချယ်ရမှာဖြစ်ပါတယ်။ ပါတီပွဲ ကျင်းပလို့ကောင်းပြီး နေရာထိုင်ခင်းလည်း အဆင်ပြေတဲ့အပြင် ဝန်ဆောင်မှုလည်းကောင်း၊ အစားအသောက်များနှင့် အယ်လ်ကိုဟော ဖျော်ရည်များကပါ ပြောစရာမလိုအောင် ပြီးပြည့်စုံနေဖို့ လိုအပ်ပါတယ်။

Private ဆန်ဆန် ပါတီ ပွဲ​ ကျင်းပချင်တဲ့ ကွီးတို့အတွက် ရွေးချယ်သင့်တဲ့ အမိုက်စား ဘား နှင့် စားသောက်ဆိုင်များကို စုစည်းကာ ဝေမျှပေးလိုက်ရပါတယ်။

The Envoy Bar & Bistro

Private ပါတီ ဘား

Photo: Facebook

ဒီဆိုင်လေးရဲ့ တည်နေရာကတော့ အမှတ် (၁၀၈)၊ ဘိုအောင်ကျော်လမ်း အောက်ဘလောက်၊ ရန်ကုန်မြို့မှာ တည်ရှိတာ ဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်လေးက မော်ဒယ်ဆန်ဆန်လေး ပြင်ဆင်ထားတဲ့အတွက်ကြောင့် လူငယ်များအကြား နာမည်ကြီးပါတယ်။ မွေးနေ့ပါတီပွဲ ကျင်းပချင်သူများ၊ အခြားသော Private ပါတီ ကျင်းပချင်သူများအနေနဲ့ ပါတီ ပွဲ ကျင်းပလို့ကောင်းတဲ့ ဘား တစ်ခုပဲဖြစ်ပါတယ်။

ပါတီပွဲ ကျင်းပမယ်ဆိုရင်တော့ လူ ဘယ်နှယောက်လောက် လာမှာဖြစ်ကြောင်း ဘိုကင်တင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ဘိုကင် မတင်ထားဘူးဆိုရင် အခြားသော ဧည့်သည်များနှင့် စားပွဲဝိုင်း မရတာမျိုးဖြစ်နိုင်လို့ပါပဲ။

Exotic BBQ & Restaurant

Private ပါတီ ဘား

Photo: Facebook

ဒီနေရာလေးကတော့ အမှတ် (၇၇)၊ အင်းစိန်လမ်း၊ ခဝဲခြံလမ်းအနီး (၁) လမ်း၊ မရမ်းကုန်မြို့နယ်တွင် တည်ရှိတာဖြစ်ပါတယ်။

လတ်တလောမှာ အသစ်စီစဥ်ပေးထားတဲ့ ဝန်ဆောင်မှုလေးကတော့ Surprise ပါတီပွဲ ပြင်ဆင်ပေးတာပဲ ဖြစ်ပါတယ်။ ငှားရမ်းခကတော့ ၁ နာရီကို ၁ သောင်းကျပ်တည်း ကုန်ကျမှာဖြစ်ပါတယ်။ ကိုယ် တန်ဖိုးထားရတဲ့ ချစ်ရသူအတွက် Decoration အလန်းစားမျိုးနဲ့ စပရိုက်တိုက်ချင်တယ်ဆိုရင်တော့ Exotic BBQ & Restaurant သည်လည်း အသင့်တော်ဆုံး ရွေးချယ်မှုများထဲက တစ်ခုပါပဲ။ အခန်းက အဲကွန်းလည်းပါပြီး WC ပါ တစ်ခါတည်း တွဲထားတဲ့အတွက်ကြောင့် Private ဆန်ဆန် Vibe မျိုးကို ခံစားရမှာပါ။

Space Bar

Photo: Facebook

ဒီဘားကတော့ ၆၂ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့မှာ တည်ရှိတာဖြစ်ပါတယ်။ Space Bar ဆိုတဲ့အတိုင်းပဲ ဘားထဲ ထိုင်လိုက်တာနဲ့ အာကာသထဲကို ရောက်သွားသလို ခံစားရမှာပဲဖြစ်ပါတယ်။ ဆိုင်အပြင်အဆင်များကလည်း ရိုမန့်တစ်ဆန်တဲ့အတွက်ကြောင့် ပါတီပွဲ ကျင်းပချင်သူများအတွက် ကွက်တိကျစေမှာပဲဖြစ်ပါတယ်။

ဘီယာ၊ ဝီစကီ၊ ကော့တေးနှင့် ရှီရှာတို့အပြင် ဘဲကင်အစပ်ချက်၊ ဘဲကြွပ်သံပုရာ၊ နံရိုးရွက်လှေ၊ ကြက်ငရုပ်မွှေး၊ ပန်းသီးကြော် အစရှိတဲ့ အမြည်းများကလည်း အသင့် စောင့်ကြိုနေပါတယ်။ ကွီးတို့ ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီး Private ပါတီ ပွဲကို စိတ်လွတ်လက်လွတ် ကျင်းပနိုင်ပါတယ်။

Featured Image: Space Bar