[Zawgyi]

ဗုဒၶဟူးေန႔ညက ကရာေဘာင္ဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ေရာ့ခ်္ေဒးလ္တို႔ရဲ႕ပြဲစဥ္မွာ မန္ခ်က္စတာယူႏုိက္တက္က ပင္နယ္တီအဆံုးအျဖတ္နဲ႔ အႏုိင္ရရွိခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းအတြက္ အဖြင့္ဂိုးကို ေမဆင္ဂရင္းဝုဒ္က သြင္းယူေပးခဲ့ၿပီး ေရာ့ခ်္ေဒးလ္အသင္းအတြက္ ေခ်ပဂိုးကို အသက္ ၁၆ ႏွစ္အရြယ္ လုခ္မက္သီဆင္က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

Source: sportinglife

လုခ္မက္သီဆင္ဟာ Trinity C of E အထက္တန္းေက်ာင္းမွာ Psychology၊ History နဲ႔ Sociology ဘာသာရပ္ A အဆင့္မွာ ပညာသင္ၾကားေနသူျဖစ္ၿပီး ဗုဒၶဟူးေန႔မွာ ေက်ာင္းတက္ရမယ့္အစား အိုးထရက္ဖို႔ဒ္မွာ ကစားရမယ့္ ကရာေဘာင္ဖလား တတိယအဆင့္ပြဲစဥ္ကို သြားေရာက္ကစားဖို႔အတြက္ ေက်ာင္းရဲ႕ခြင့္ျပဳခ်က္ရရွိခဲ့တာျဖစ္ပါတယ္။

မက္သီဆင္ဟာ ေရာ့ခ်္ေဒးလ္အသင္း ပြဲထြက္လူစာရင္းမွာ ပါဝင္ခြင့္ရရွိခဲ့ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ ညီမွ်သြားေစမယ့္ သြင္းဂိုးကို အမွတ္ရဖြယ္ သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ေရာ့ခ်္ေဒးလ္ဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ပင္နယ္တီအဆံုးအျဖတ္မွာ ၅-၃ နဲ႔ ရံႈးနိမ့္ခဲ့တာေၾကာင့္ အသက္ ၁၆ ႏွစ္အရြယ္ ညာေနာက္ခံကစား မက္သီဆင္အတြက္ ေနာက္ထပ္ ႀကီးမားတဲ့ေအာင္ပြဲတစ္ခု လက္မတင္ေလး လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။

 

“အဲဒါက အရမ္းထူးျခားတဲ့အခုိက္အတန္႔ပါ။ အားလံုးအတြက္ အိပ္မက္ေတြ တကယ္ျဖစ္လာခဲ့တာပါ”

“အားလံုးလည္း အုိးထရက္ဖုိ႔ဒ္လုိ သမုိင္းဝင္တဲ့ေနရာတစ္ခုမွာ ဂိုးသြင္းဖို႔ အိပ္မက္မက္ၾကမယ္ဆုိတာ ကၽြန္ေတာ္ ေသခ်ာသိပါတယ္”

“ကၽြန္ေတာ္ ကန္သြင္းခဲ့တဲ့ ေဘာလံုးက ပိုက္ေခါင္မိုးကို ထိၿပီး ဂိုးထဲဝင္သြားေတာ့ ကၽြန္ေတာ့္ခႏၶာကုိယ္တစ္ခုလံုး ေျမာက္တက္သြားသလုိပဲ။ ကၽြန္ေတာ္ ေဒးလ္ပရိသတ္ေတြဆီ ေျပးသြားခဲ့ၿပီး ဒူးတုိက္ေလွ်ာထုိးခဲ့ပါတယ္။ ကၽြန္ေတာ္ ေတာင္ကုန္းေအာက္ကို လိမ့္ဆင္းသြားတယ္လုိ႔ ထင္ခဲ့မိပါတယ္။ ဒါက ကၽြန္ေတာ့္အတြက္၊ အားလံုးအတြက္ ထူးျခားတဲ့ အခုိက္အတန္႔ပါ”

 

Source: independent

“ကၽြန္ေတာ္ ဒီေန႔ ေက်ာင္းမွာ ရွိေနခဲ့ရမွာပါ။ ကၽြန္ေတာ္ တစ္ရက္ခြင့္ရခဲ့ၿပီး ၾကာသပေတးေန႔မွာ ကၽြန္ေတာ္ ေက်ာင္းျပန္တက္ရမွာပါ။ ကၽြန္ေတာ္ Psychology စာေမးပြဲရွိပါတယ္။ အဲဒီေတာ့ အဲဒါအတြက္ မေစာင့္ဆုိင္းႏုိင္ေတာ့ပါဘူး”လုိ႔ ေျပာၾကားခဲ့ပါတယ္။

မက္သီဆင္ဟာ အျခားဆယ္ေက်ာ္သက္ ေဘာလံုးသမားအမ်ားစုနဲ႔ မတူညီဘဲ ပညာသင္ယူရတာကို ႏွစ္ၿခိဳက္သူျဖစ္တယ္လုိ႔ သိရၿပီး ေဘာလံုးက ဘဝအတြက္ အာမခံခ်က္မေပးႏုိင္ဘူးလို႔ ယံုၾကည္ေနသူျဖစ္ပါတယ္။

[Unicode]

ဗုဒ္ဓဟူးနေ့ညက ကရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ရော့ချ်ဒေးလ်တို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးကို မေဆင်ဂရင်းဝုဒ်က သွင်းယူပေးခဲ့ပြီး ရော့ချ်ဒေးလ်အသင်းအတွက် ချေပဂိုးကို အသက် ၁၆ နှစ်အရွယ် လုခ်မက်သီဆင်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Source: sportinglife

လုခ်မက်သီဆင်ဟာ Trinity C of E အထက်တန်းကျောင်းမှာ Psychology၊ History နဲ့ Sociology ဘာသာရပ် A အဆင့်မှာ ပညာသင်ကြားနေသူဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ကျောင်းတက်ရမယ့်အစား အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ကရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်ကို သွားရောက်ကစားဖို့အတွက် ကျောင်းရဲ့ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ပါတယ်။

မက်သီဆင်ဟာ ရော့ချ်ဒေးလ်အသင်း ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ ညီမျှသွားစေမယ့် သွင်းဂိုးကို အမှတ်ရဖွယ် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရော့ချ်ဒေးလ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ ၅-၃ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ် ညာနောက်ခံကစား မက်သီဆင်အတွက် နောက်ထပ် ကြီးမားတဲ့အောင်ပွဲတစ်ခု လက်မတင်လေး လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

 

“အဲဒါက အရမ်းထူးခြားတဲ့အခိုက်အတန့်ပါ။ အားလုံးအတွက် အိပ်မက်တွေ တကယ်ဖြစ်လာခဲ့တာပါ”

“အားလုံးလည်း အိုးထရက်ဖို့ဒ်လို သမိုင်းဝင်တဲ့နေရာတစ်ခုမှာ ဂိုးသွင်းဖို့ အိပ်မက်မက်ကြမယ်ဆိုတာ ကျွန်တော် သေချာသိပါတယ်”

“ကျွန်တော် ကန်သွင်းခဲ့တဲ့ ဘောလုံးက ပိုက်ခေါင်မိုးကို ထိပြီး ဂိုးထဲဝင်သွားတော့ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံး မြောက်တက်သွားသလိုပဲ။ ကျွန်တော် ဒေးလ်ပရိသတ်တွေဆီ ပြေးသွားခဲ့ပြီး ဒူးတိုက်လျှောထိုးခဲ့ပါတယ်။ ကျွန်တော် တောင်ကုန်းအောက်ကို လိမ့်ဆင်းသွားတယ်လို့ ထင်ခဲ့မိပါတယ်။ ဒါက ကျွန်တော့်အတွက်၊ အားလုံးအတွက် ထူးခြားတဲ့ အခိုက်အတန့်ပါ”

 

Source: independent

“ကျွန်တော် ဒီနေ့ ကျောင်းမှာ ရှိနေခဲ့ရမှာပါ။ ကျွန်တော် တစ်ရက်ခွင့်ရခဲ့ပြီး ကြာသပတေးနေ့မှာ ကျွန်တော် ကျောင်းပြန်တက်ရမှာပါ။ ကျွန်တော် Psychology စာမေးပွဲရှိပါတယ်။ အဲဒီတော့ အဲဒါအတွက် မစောင့်ဆိုင်းနိုင်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

မက်သီဆင်ဟာ အခြားဆယ်ကျော်သက် ဘောလုံးသမားအများစုနဲ့ မတူညီဘဲ ပညာသင်ယူရတာကို နှစ်ခြိုက်သူဖြစ်တယ်လို့ သိရပြီး ဘောလုံးက ဘဝအတွက် အာမခံချက်မပေးနိုင်ဘူးလို့ ယုံကြည်နေသူဖြစ်ပါတယ်။