မိမိသူငယ်ချင်းများနှင့်အတူတူ Rooftop ပါတီပွဲ ကျင်းပဖို့ စဥ်းစားနေပါသလား။ Rooftop ပါတီနှင့် လိုက်ဖက်တဲ့ အစားအစာ များနှင့် အယ်လ်ကိုဟော ဖျော်ရည်များကို သိထားပြီးပြီလား။ ပါတီနှင့် လိုက်ဖက်တဲ့ အယ်လ်ကိုဟော ဖျော်ရည်များနှင့် အစားအစာများကို သေချာခင်းကျင်းဧည့်ခံထားနိုင်မှသာလျှင် ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပါတီကို ကျင်းပနိုင်မှာပဲဖြစ်ပါတယ်။

ဘီယာ

ဘီယာ

ဘီယာကတော့ နံပါတ် (၁) အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ဘီယာကို အဓိက အယ်လ်ကိုဟောအဖြစ် ဧည့်ခံချင်တယ်ဆိုရင်တော့ ဘီယာနဲ့ လိုက်ဖက်တဲ့ အစားအစာများကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ဘီယာနဲ့ လိုက်ဖက်တဲ့ အစားအစာများကတော့ အစပ် အစားအစာများ၊ ဘာဂါများ၊ အသုပ်မျိုးစုံ၊ ဘာဘီကျူး၊ ပီဇာ၊ ဆူရှီ၊ ဝက်သားကင် အစရှိသည်တို့ပဲဖြစ်ပါတယ်။

ဝိုင်

ဝိုင်

ဝိုင်ကတော့ ဒုတိယ ဦးစားပေးဖြစ်ပါတယ်။ ဝိုင်နဲ့ လိုက်ဖက်တဲ့ အစားအစာများကတော့ အချိုပွဲ၊ ငါး၊ ပင်လယ်စာ၊ ကြက်သား၊ အမဲသား စတိပ်ခ် အစရှိသည်တို့ပဲဖြစ်ပါတယ်။

Gin And Tonic

Rooftop အစားအစာ

ဘီယာလည်း မကြိုက်ဘူး၊ ဝိုင်လည်း မကြိုက်ဘူးဆိုသူများအတွက်ကတော့ Gin And Tonic ရှိပါတယ်။ Gin And Tonic နဲ့ အလိုက်ဖက်ဆုံး နံပါတ်တစ် အမြည်းကတော့ ပင်လယ်စာပဲဖြစ်ပါတယ်။ ထို့နောက် ဆင်းဒဝှစ်ချ်၊ ဘယ်ရီသီးများ၊ သိုးသားဟင်း၊ ပေါက်ပေါက်ဆုပ်၊ ချိစ် အစရှိသည်တို့ပဲဖြစ်ပါတယ်။

Vodka And Soda

Rooftop အစားအစာ

Vodka And Soda နှင့် လိုက်ဖက်တဲ့ အမြည်းများကတော့ ဖက်ထုပ်၊ ချိစ်၊ ဆားရေစိမ် အမြည်းများ၊ ဆာရှိမိ၊ ငါးကင်၊ Grapefruit ဖျော်ရည် အစရှိတဲ့ အမြည်းများပဲဖြစ်ပါတယ်။

Scotch

Rooftop အစားအစာ

စကော့ချ် ဝီစကီကလည်း အယ်လ်ကိုဟော ဖျော်ရည် ချစ်သူများအကြားမှာ နာမည်ကြီးတဲ့ အယ်လ်ကိုဟော ဖျော်ရည်တစ်မျိုးပဲဖြစ်ပါတယ်။ သူနဲ့ အလိုက်ဖက်ဆုံး အြမည်းများကတော့ အသားဟင်းလျာများ၊ ပင်လယ်စာ၊ ချောကလက်နှင့် အခြားအချိုပွဲများ၊ အစေ့အဆံနှင့် အခွံမာသီးများ အစရှိတဲ့ အမြည်းများပဲဖြစ်ပါတယ်။​

ကွီးတို့အနေနဲ့ Rooftop ပါတီပွဲနှင့် လိုက်ဖက်တဲ့ အစားအစာ နှင့် အယ်လ်ကိုဟော ဖျော်ရည် အတွဲအစပ်များကို သိထားမယ်ဆိုရင်တော့ ပါတီပွဲတက်သူများအတွက် အင်မတန်ကို ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခုကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

Source: Freepik