မင်္ဂလာပါ ကွီးတို့ရေ။ အမြဲတမ်း ကွီးတို့အတွက် ထိုင်လို့ကောင်းတဲ့ ဘားလေးတွေ၊ အရသာရှိတဲ့ စားသောက်ဆိုင်လေးတွေကို အမြဲဖော်ပြပေးနေတဲ့ အစီအစဉ်လေးကနေ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ရန်ကုန်မြို့ရဲ့ အလှအအပကို အပေါ်စီးကနေ ရှုမြင်နိုင်သည်သာမက လှပတဲ့ နေဝင်ဆည်းဆာကိုပါ ခံစားနိုင်တဲ့ Sky Bar များ ကို ဖော်ပြပေးချင်ပါတယ်။
Sirius A Sky Bar

Photo : Sirius A Sky Bar
ကွီးတို့အတွက် ပထမဆုံးဖော်ပြပေးချင်တဲ့ လှပတဲ့ နေဝင်ဆည်းဆာကို ခံစားရင်း အေးအေးဆေးဆေး Chill လို့ရတဲ့ Sky Bar များ ထဲကတစ်ခုကတော့ စမ်းချောင်းမှာ ရှိတဲ့ Sirius A Sky Bar ဆိုတဲ့ ဘားလေးပါပဲ။ နေရာကလည်း အချက်အချာကျတော့ ဘော်ဒါတွေနဲ့ စုံပြီး Chill ဖို့ ရွေးချယ်သင့်တဲ့ ဘားလေးပါ။ ဆိုင်အနေအထားနဲ့ အပြင်အဆင်ကလည်း တကယ်ကို အမိုက်စားလေးဖြစ်တဲ့ အတွက် ကွီးတို့အကြိုက်တွေ့စေမှာပဲ ဖြစ်ပါတယ်။
ဒီ Rooftop ဘားလေးမှာ တကယ်ကို လှပတဲ့ နေဝင်ဆည်းဆာကို လေ လေးတဖြူးဖြူးနဲ့ ခံစားရင်း တေးဂီတလေးတွေကိုပါ ခံစားနားဆင်နိုင်မယ်ဆိုရင်တဲ့ ရရှိလာတဲ့ ခံစားမှု ရသက ဘာနဲ့မှလဲနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အဖျော်ယမကာတွေနဲ့ အရသာရှိတဲ့ ဟင်းပွဲ Menu တွေကိုလည်း မြည်းစမ်းနိုင်ပါသေးတယ်။ ဒီ Sky Bar လေးရဲ့ လိပ်စာကတော့ MHG Tower 198, ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Sky Bar at Yangon International Hotel

Photo : Sky Bar at Yangon International Hotel
အထပ်မြင့်မှာ အေးအေးထိုင်ပြီး ရန်ကုန်မြို့ကြီးရဲ့ အလှအပကို ခံစားချင်တယ်ဆိုရင် Yangon International Hotel ရဲ့ Rooftop မှာ ဖွင့်လှစ်ထားတဲ့ ဘားလေးဖြစ်တဲ့ Sky Bar လေးရှိပါတယ်။ ဘားလေးရဲ့ အနေအထားကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတော့ ဘော်ဒါတွေ အုပ်စုလိုက်နဲ့ ဖြစ်စေ၊ ချစ်သူလေးနဲ့ နှစ်ယောက်တည်း အေးအေးဆေးဆေး အချိန်ကောင်းလေးတွေ ပိုင်ဆိုင်ချင်လို့ ဖြစ်စေ တကယ်ကို ရွေးချယ်သင့်တဲ့ ဘားလေးပါပဲ။
သဘာဝ လေပြေညှင်းလေးတွေကို ခံစားရင်း ဘီယာလေးသောက်ရင်းနဲ့ ဒီလို ချမ်းစိမ့်စိမ့် ရာသီဥတုလေးမှာ နွေးထွေးမှုကို ခံစားနိုင်ပါတယ်။ ဒီ Sky Bar လေးရဲ့ လိပ်စာကတော့ အမှတ် (၃၃၀)၊ အလုံလမ်း၊ ဒဂုံမြို့နယ်၊ Yangon International Hotel Roof Top၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Sanctuary Sky Bar

Photo : Sanctuary Sky Bar
စိတ်ရဲ့ မွန်းကြပ်မှုတွေ၊ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ဖို့အတွက် ဘားထိုင်ရင် လွတ်လွတ်လပ်လပ်နဲ့ သဘာဝတရားကို ထိတွေ့လို့ရတဲ့ Sky Bars တွေက ရွေးချယ်ချင်စရာပါ။ ထိုအထဲမှာ Sanctuary Sky Bar ဘားလေးကလည်း အပါအဝင်ဖြစ်ပါတယ်။ ညနေခင်း ရုံးဆင်းချိန်မှာ ဘော်ဒါတွေနဲ့ ရန်ကုန်မြို့လယ်ရဲ့ မြင်ကွင်းတွေကို ရှုစားရင်း လေပြေလေးတွေကို ခံစားနိုင်တဲ့ ဘားလေးပါပဲ။
ဒီဘားလေးမှာ Signature ကော့လ်တေးတွေအပြင် ရွေးချယ်ချင်စရာ အဖျော်ယမကာများနဲ့ အရသာရှိတဲ့ ဟင်းပွဲတွေကလည်း စုံလင်လှပါတယ်။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် ၁၁၇/၁၂၇၊ ၃၃ လမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Featured Photo : Sanctuary Sky Bar
