Surprise မွေးနေ့ ပါတီပွဲ ကျင်းပပေးရတာသည် လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် မွေးနေ့ရှင်က အရိပ်အခြေ အကဲဖြတ်တာ တော်ပြီး လျှို့ဝှက်ထားလို့မရလောက်အောင် အမေးအမြန်းထူတယ်ဆိုရင်တော့ စပရိုက်ပါတီလုပ်ရတာ ပိုခက်ပါတယ်။
ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ချစ်သူကောင်မလေးအတွက်ပဲဖြစ်ဖြစ်၊ ကိုယ် ခင်မင်ရတဲ့ ဘော်ဒါအပေါင်းအသင်းတစ်ယောက်ယောက်အတွက်ပဲဖြစ်ဖြစ် စပရိုက်ပါတီ ကျင်းပပေးတော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ၊ ပြင်ဆင်ထားသင့်တဲ့ အချက်များကို ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။
မေ့ချင်ယောင်ဆောင်ပါ
Photo: Psychreg
အရေးအကြီးဆုံးအချက်တစ်ခုပဲဖြစ်ပါတယ်။ သင်က မွေးနေ့ပွဲကို တိတ်တိတ်လေး ပြင်ဆင်ရမှာဆိုတော့ သူ(မ)ရဲ့ မွေးနေ့ကို မေ့နေသယောင် ဟန်ဆောင်ရမှာပဲဖြစ်ပါတယ်။ သူ(မ)ရဲ့ မွေးနေ့ကို မေ့ရကောင်းလားဆိုပြီး ဝမ်းနည်းနေတာပဲဖြစ်ဖြစ်၊ စိတ်ဆိုးစိတ်ကောက်နေတာပဲဖြစ်ဖြစ် သင်က အဖက်မလုပ်ဖို့လိုအပ်ပါတယ်။ အချိန်ကျလာပြီ၊ ပါတီပွဲပြင်ဆင်ရတာ ပြီးသွားပြီဆိုတော့မှ စပရိုက်ဆိုပြီး အံအားသင့်ကာ ပျော်ရွှင်သွားအောင် ဖန်တီးရပါမယ်။
Surprise မွေးနေ့ ပါတီပွဲ ပြုလုပ်မယ့် နေရာတစ်ခုကို ရွေးချယ်ပါ
Photo: Pinterest
အိမ်မှာပဲ မွေးနေ့ပွဲ ကျင်းပပေးချင်တာလား (သို့) ဆိုင်တစ်ဆိုင်မှာ စပရိုက်တိုက်ချင်တာလားဆိုတာကို စဥ်းစားဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အိမ်မှာပဲ မွေးနေ့ပွဲ ကျင်းပမယ်ဆိုရင်တော့ နည်းနည်းတော့ အရဲစွန့်ရပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ မွေးနေ့ရှင် ရိပ်မိသွားတဲ့အခါ ပျော်စရာကောင်းမှာမဟုတ်တော့ပါဘူး။ ဒါမှမဟုတ် မွေးနေ့ရှင်ရဲ့ အိမ်မှာမဟုတ်ဘဲ အခန်းလွတ်တစ်ခုမှာ ပြင်ဆင်ကျင်းပမယ်ဆိုလည်း ရနိုင်ပါတယ်။ လူအသက်သာဆုံး နည်းလမ်းကတော့ ဆိုင်မှာ မွေးနေ့ပွဲကျင်းပတာပဲဖြစ်ပါတယ်။
ဖိတ်မယ့် ဧည့်သည်တွေကို စဥ်းစားထားပါ
Photo: iStock
ဘယ်သူတွေကို ဖိတ်မှာလဲ၊ ရုံးကလူတွေလား၊ ကျောင်းတုန်းက သူငယ်ချင်းတွေလား စသည်ဖြင့် ဧည့်သည်များကို ကြိုဖိတ်ထားဖို့လိုပါမယ်။ ဖိတ်တဲ့အခါမှာလား သူတို့ကို ကြိုပိတ်ထားဖို့လိုပါမယ်။ ဆိုလိုတာကတော့ မွေးနေ့ရှင်ကို စပရိုက်တိုက်မှာမို့လို့ မွေးနေ့ရှင်ကို တစ်ခွန်းမှ မဟပါနဲ့ ဆိုပြီး ကြိုပြောထားဖို့လိုပါလိမ့်မယ်။
တည်ခင်း ဧည့်ခံမယ့် အစားအသောက်များကိုလည်း စီမံထားပါ
ဆိုင်မှာ တည်ခင်းဧည့်ခံမယ်ဆိုရင်တော့ သင့်အနေနဲ့ အထူးတလည်ပြင်ဆင်စရာမလိုပါဘူး။ ဆိုင်မန်နေဂျာကို ဘယ်အစားအစာတွေကို ဘယ်နှယောက်စာ ပြင်ထားပေးပါ ဆိုပြီး ကြိုတင် မှာကြားထားနိုင်ပါတယ်။ အစားအစာများကို ကြိုတင်ပြင်ဆင်တာကတော့ အကောင်းဆုံးပါပဲ။ ဧည့်သည်တွေ လာမှ ချက်ပြုတ် ပြင်ဆင်မယ်ဆိုရင် ဧည့်သည်တွေ စောင့်ဆိုင်းနေရတာ စိတ်မရှည်နိုင်ဖြစ်တတ်ကြလို့ပါပဲ။
အိမ်မှာပဲ Surprise မွေးနေ့ ပွဲလုပ်မယ်ဆိုရင် Decoration ပိုင်းကိုလည်း မမေ့ပါနဲ့
Photo: Carousell
ဆိုင်မှာ လုပ်မယ်ဆိုရင်လည်း Decoration ပိုင်း ပြင်ဆင်ပေးဖို့ ကြိုပြောထားရပါမယ်။ အိမ်မှာပဲ မွေးနေ့ပွဲ ကျင်းပမယ်ဆိုလည်း Decoration ပိုင်းကို ပြင်ဆင်ထားရပါမယ်။ Decoration များ ပါမှသာ ပါတီက အသက်ဝင်ပြီး ပါတီနဲ့ တူမှာမဟုတ်လား။
သူ(မ) အမျှော်လင့်ဆုံး အရာတစ်ခုကို လက်ဆောင်ပေးပါ
Photo: Liveloveraw
မွေးနေ့ရှင်က ဘယ်လိုအရာမျိုးကို အလိုချင်ဆုံးဖြစ်မလဲ ဆိုတာ သင့်အနေနဲ့ သိထားအောင်တော့ လေ့လာထားဖို့လိုအပ်ပါလိမ့်မယ်။ ဥပမာ – သူ(မ)သည် အနုပညာရှင်တစ်ယောက်ကို အရူးအမူးဖြစ်နေပါသလား။ ဒါဆိုရင် ထိုအနုပညာရှင်ကို ဖိတ်ကြားပြီး သူ(မ) ကို စပရိုက်တိုက်နိုင်ပါတယ်။ ဒါမှမဟုတ် သူ(မ) လိုချင်တဲ့ ပစ္စည်းတစ်မျိုးမျိုးကို သင် ဝယ်ပေးနိုင်တယ်ဆိုရင်လည်း ဝယ်ပေးကာ စပရိုက်တိုက်လိုက်ပါ။
အခုဖော်ပြသွားတဲ့ အသေးစိတ်အချက်များကို သိထားပြီဆိုရင်တော့ ကွီးတို့ရဲ့ တစ်ယောက်သောသူအတွက် စပရိုက် မွေးနေ့ ပါတီပွဲတစ်ခုကို အောင်အောင်မြင်မြင်နဲ့ ကျင်းပပေးနိုင်ပြီပဲဖြစ်ပါတယ်။
Source: Specialtyballoons
Featured Image: Taste Of Home