ပျော်ရွှင်ဖွယ်ကောင်းတဲ့ သောကြာနေ့လေး ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။ တစ်ပတ်တာလုံး ပင်ပန်းထားသမျှတွေကို TGIF ပါတီ ဆင်နွှဲချင်ကြတဲ့ ကွီး တို့အတွက် အိုင်ဒီယာအသစ်အဆန်းလေးတွေ ရှိပါတယ်။

ဘားသွားထိုင်ကြမယ်

TGIF ပါတီ ကွီး

တစ်ပတ်တာလုံး ပင်ပန်းသမျှတွေကို ထိုင်လို့ကောင်းတဲ့ဘားတွေ သွားရင်း အမိုက်စား ကော့တေးများ၊ ဗော့ကာများ၊ ဝိုင် စတဲ့ အယ်လ်ကိုဟောဖျော်ရည်များ သောက်သုံးနိုင်ပါတယ်။ ကိုယ် နေထိုင်တဲ့ မြို့နယ်အလိုက် ထိုင်လို့ကောင်းတဲ့ ဘားတွေကလည်း အများအပြားရှိတဲ့အတွက်ကြောင့် မိမိ ကြိုက်နှစ်သက်ရာ ဘားတစ်ခုခုကို ရွေးချယ်လိုက်ပါ။

ကာရာအိုကေ သွားဆိုကြမယ်

TGIF ပါတီ ကွီး

Photo: iStock

သီချင်းဆိုရတာ ဝါသနာပါသူများကလည်း ကာရာအိုကေဆိုင်ဆီ ချီတက်ကာ အပီဟဲနိုင်ပါတယ်။ အင်္ဂလိပ် သီချင်းပဲ ဆိုမလား၊ မြန်မာ သီချင်းပဲ ဆိုမလား မိမိစိတ်ကြိုက် ရွေးချယ်သီဆိုနိုင်ပါတယ်။ ကာရာအိုကေဆိုင်တွေမှာလည်း မုန့်ပဲသရေစာများ၊ အယ်လ်ကိုဟောဖျော်ရည်များ မှာယူနိုင်တဲ့အတွက်ကြောင့် သီချင်းဆိုရတာ မောသွားတဲ့အချိန်မှာ အမြည်းလေး၊ အယ်လ်ကိုဟောဖျော်ရည်လေးများနှင့် အမောဖြေနိုင်ပါတယ်။

ကလပ်သွားရင်း ပျော်ပျော်ပါးပါး ကခုန်မြူးတူးကြမယ်

TGIF ပါတီ ကွီး

DJ အနုပညာရှင်တွေရဲ့ အနုပညာဖန်တီးချက်များကို စိတ်ဝင်စားပါသလား။ ဒါဆိုရင်တော့ ကလပ်သွားရင်း မြူးကြွတဲ့ တေးသံများ နားဆင်ကာ မိုင်ကုန်ပျော်ပါးနိုင်ပါတယ်။ ဒီလိုကခုန်ခြင်းသည်လည်း တစ်ပတ်တာလုံး ပင်ပန်းထားရသမျှတွေ အလုပ်ကြောင့် စိတ်ဖိစီးထားတာတွေကို ဖြေဖျောက်ပေးနိုင်ပါတယ်။

အမြည်းကောင်းကောင်းလေးတွေ သွားစားရင်း အမိုက်စားဘီယာများ သွားသောက်မယ်

TGIF ပါတီ ကွီး

Photo: Unsplash

ဟိတ်ကြီး ဟန်ကြီးများတဲ့ ဆိုင်တွေမှာ မထိုင်ချင်ဘူး။ အသင့်အတင့် စားသောက်ဆိုင်လေးမှာ အရသာရှိတဲ့ အမြည်းများ သုံးဆောင်ရင်း အမိုက်စားဘီယာအမျိုးမျိုးကို ရွေးချယ်သောက်သုံးချင်သူများအတွက်လည်း လမ်းဘေး စားသောက်ဆိုင်လေးတွေ ရှိပါသေးတယ်။ လမ်းဘေးစားသောက်ဆိုင်ဆိုလို့လည်း အထင်မသေးလိုက်ပါနဲ့။ သူတို့ရဲ့ အမြည်းလက်ရာက ရှယ်ပါပဲ။ ဆွေမျိုးတောင် မေ့သွားလောက်အောင် ကောင်းပါတယ်။

Rooftop ဘားတွေ သွားထိုင်ရင်း တစ်မြို့လုံးရဲ့ ညအလှကို အားပါးတရခံစားရင်း စိတ်ဖိစီးမှုများကို ဖြေဖျောက်ကြမယ်

TGIF ပါတီ ကွီး

စိတ်ဖိစီးစရာများကို လေနုအေးရဲ့ တိုက်ခတ်မှုနဲ့ ပျောက်ကွယ်သွားအောင် ဖန်တီးချင်ပါသလား။ ဒါဆိုရင်တော့ Rooftop ဘားတွေက အသင့်တော်ဆုံးပါပဲ။ Rooftop ဘားတွေမှာလည်း ကော့တေး၊ ဘီယာ၊ ဝိုင် စသည်ဖြင့် မျိုးစုံ ရွေးချယ်နိုင်တဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။

ခရီးတိုတစ်ခု ထွက်ကြမယ်

TGIF ပါတီ ကွီး

ခရီးသွားခြင်းသည်လည်း စိတ်ဖိစီးစရာများကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမဲ့ ရက်ရှည်ရုံးပိတ်ရက်မဟုတ်တဲ့အတွက်ကြောင့် အားရပါးရခရီးထွက်လို့လည်း မရပြန်ပါဘူး။ ၁ ညအိပ်ခရီး (သို့) ၂ ညအိပ်ခရီးလောက် ထွက်ပြီး ရုံးဖွင့်မယ့်ရက်မှာ အိမ်ပြန်ရောက်ရင် စီစဉ်တတ်ဖို့တော့လိုပါတယ်။

ဘော်ဒါတစ်ယောက်အိမ်မှာ ညိုကီတွေ အကုန်စုရင်း အားရပါးရ သောက်စားပျော်ပါးကြမယ်

drinking beer

Photo: Earth911

ဘားတွေ၊ ကလပ်တွေ ဆိုတာက လူအများ လာရောက်အပန်းဖြေကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်ဖွင့်ချိန်၊ ဆိုင်ပိတ်ချိန်လည်းရှိတဲ့အတွက်ကြောင့် ဆိုင်ပိတ်ချိန်ဆိုရင်တော့ ပြန်ကြရပါတယ်။ ဒါပေမဲ့ ညိုကီတစ်ယောက်ယောက်ရဲ့အိမ်မှာ ဘော်ဒါတွေအကုန်စုပြီး သောက်စားပျောက်ပါးကြမယ်ဆိုရင်တော့ ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘဲ မိုင်ကုန်ပျော်ပါးနိုင်တယ် မဟုတ်လား။ အမြည်းအတွက်ဆိုရင်တော့ ဆိုင်ကောင်းကောင်းတစ်ဆိုင်က အမြည်းတွေ မှာထားလိုက်ပါ။ အယ်လ်ကိုဟောဖျော်ရည်အတွက်ဆိုရင်တော့ Liquor ဆိုင်တစ်ဆိုင်ကနေ အကောင်းစားပုလင်းတွေ ဝယ်ချလိုက်ပါ။ အဆုံးစွန်ထိ ပျော်ရွှင်မှုကို ခံစားရမှာပဲ ဖြစ်ပါတယ်။

ဂိမ်းကစားကြမယ်

plays game

စောစောကလို အိမ်မှာပဲ TGIF ပါတီ အသေးစားလေး ဖန်တီးလိုက်တဲ့ ကွီး တို့အတွက်တော့ ပျင်းတဲ့အချိန်မှာ ဂိမ်းလည်း ဆော့ကစားနိုင်ပါသေးတယ်။ ကွန်ပျူတာဂိမ်းလား၊ မိုဘိုင်းလ်ဂိမ်းလား၊ ဒါမှမဟုတ် Uno ပဲ ဆော့မလား စသည်ဖြင့် မိမိစိတ်ကြိုက် ဂိမ်းအမျိုးမျိုးကိုလည်း ဆော့ကစားနိုင်ပါသေးတယ်။ ရုပ်ရှင်ကြည့်ချင်တဲ့သူကလည်း ရုပ်ရှင်ကြည့်ကြပေါ့။ ဒါကတော့ အိမ်မှာပဲ TGIF ရင်း ပါတီ ကျင်းပတဲ့ ကွီး တို့အတွက် အားသာချက်တစ်ခုပဲဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ သောကြာညနေခင်းကို ဘယ်လို ကုန်ဆုံးလေ့ရှိကြပါသလဲ။

Source: Mindspacecafe

Featured Image: Therail.media