ကွီးတို့ရေ သောကြာနေ့ ညနေကတော့ အလုပ်ကအပြန် သူယ်ချင်းတွေနဲ့ ချိန်းပြီး Chill လို့ကောင်းတဲ့ အချိန်လေးပါပဲ။ ကွီးတို့အတွက် ထိုင်လို့ကောင်းတဲ့ ဘား လေးတွေ၊ စားသောက်ဆိုင်လေးတွေကို အမြဲဖော်ပြပေးနေတဲ့ အစီအစဉ်ကနေ ဒီတစ်ခါမှာလည်း ဘော်ဒါတွေနဲ့အတူ TGIF ရင်း ထိုင်လို့ကောင်းတဲ့ ဘား နဲ့ စားသောက်ဆိုင်လေးတွေကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်။
The Flow

Photo : The Flow
ပထမဆုံးဖော်ပြပေးချင်တဲ့ တောင်ဥက္ကလာမှာရှိတဲ့ The Flow ဆိုတဲ့ ဆိုင်လေးက ကွီးတို့ သူငယ်ချင်းတွေနဲ့ အတူ Chill လို့ကောင်းတဲ့ ဆိုင်လေးပါ။ ဒီဆိုင်လေးရဲ့ အပြင်အဆင် ကတော့ ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့အပြင် အမိုက်စားလေးဖြစ်ပြီး လူငယ်တွေ အကြိုက်တွေ့စေမှာပါ။ ဒီဆိုင်လေးမှာ ဘီယာ စတဲ့ အဖျော်ယမကာတွေအပြင် သူ့ရဲ့ အရသာရှိတဲ့ Signature အစားအစာတွေ ကိုလည်း မြည်းစမ်းလို့ရပါတယ်။
ဒီလမှာ December Promotion တွေလည်း ရှိတဲ့ အပြင် တေးသီချင်းတွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက်လည်း မြူးကြွတဲ့ တေးဂီတ အစီအစဉ်တွေလည်း ရှိပါသေးတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ် ၃၃ (A)၊ သစ္စာလမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
LA Restaurant & Bar

Photo : LA Restaurant & Bar
LA Restaurant & Bar ဆိုတဲ့ ဘားလေးကလည်း ဘော်ဒါတွေနဲ့ ရုံးဆင်းအပြန် သောကြာနေ့ ညနေခင်းမှာ TGIF ရင်း ထိုင်လို့ကောင်းတဲ့ ဘား လေးပါပဲ။ ဒီဆိုင်လေးမှာ တေးဂီတ သံစဉ်လေးတွေ နားထောင်ရင်း အေးအေးဆေးဆး Chill ချင်တဲ့ ကွီးတို့အတွက် Unplugged အစီအစဉ်လေးတွေ လည်း ရှိပါတယ်။ ဆိုင်အနေအထားကလည်း ကွီးတို့ ဘော်ဒါတွေနဲ့ ပဲလာလာ၊ တစ်ယောက်တည်းပဲ လာလာ ထိုင်လို့ ကောင်းတဲ့ ဘားလေးပါ။
ဒီ ဘားလေးမှာ အရသာရှိတဲ့ အစားအသောက် Menu အစုံအလင်နဲ့ အဖျော်ယမကာများကိုလည်း စိတ်ကြိုက် ရွေးချယ် သုံးဆောင်နိုင်ပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ အမှတ်(၇၄)၊ ရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ ပဲ ဖြစ်ပါတယ်။
Casablanca Japanese Restaurant & Bar

Photo : Casablanca Japanese Restaurant & Bar
ကွီးတို့ သူငယ်ချင်းတွေနဲ့ အတူ TGIF ရင်းထိုင်လို့ကောင်းတဲ့ ဘား နဲ့ စားသောက်ဆိုင်များထဲမှာ နောက်ထပ်ဖော်ပြပေးချင်တဲ့ ဆိုင်လေးကတော့ Casablanca Japanese Restaurant & Bar ဆိုတဲ့ ဆိုင်လေးပါပဲ။ ဒီဆိုင်လေးမှာ အရသာရှိတဲ့ ဟင်းပွဲတွေ၊ ဂျပန်အစားအစာတွေ၊ ဂျပန် အယ်လ်ကိုဟောတွေအပြင် အဖျော်ယမကာတွေနဲ့ ကော့လ်တေးတွေကိုလည်း မြည်းစမ်းလို့ရပါတယ်။
ဒါ့အပြင် အယ်လ်ကိုဟောမသောက်ချင်တဲ့ ကွီးတို့အတွက်လည်း ကော်ဖီ နဲ့ ဖျော်ရည်အစုံအလင် ရှိပါတယ်။ ဆိုင်အနေအထားကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတဲ့အတွက် လွတ်လွတ်လပ်လပ် ထိုင်လို့ကောင်းတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ လိပ်စာ အပြည့်အစုံကတော့ အမှတ် (၄၅) A၊ ကျိုက်ခေါက်ဘုရားလမ်း၊ သန်လျင်မြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Featured Photo : The Flow
