ကမ္ဘာ့အချမ်းသာဆုံး MMA ဖိုက်တာ(၉)ယောက်ကဘယ်သူတွေဖြစ်မယ်ထင်လဲ။MMA ဟာ ကမ္ဘာပေါ်မှာ ဘောက်ဆင်ထက်ပိုပြီး ကျော်ကြားလာနေပါပြီ။ ဒီကျော်ကြားမှုက MMA ဖိုက်တာတွေရဲ့ ဝင်ငွေအပေါ်အများကြီး သက်ရောက်မှုရှိစေပါတယ်။အခု kwee page က ကမ္ဘာ့အချမ်းသာဆုံး MMA ဖိုက်တာ (၉) ယောက် စာရင်းကိုဖော်ပြပေးသွားမှာပါ။

(၉) Tito Ortiz (တီတို အော်တိဇ်)

Source: MMA Junkie

အသားတင်ကြွယ်ဝမှု – ဒေါ်လာ ၁၅ သန်း

Jacob Christopher “Tito” Ortiz ဟာအမေရိကန် ကိုယ်ခံပညာသိုင်းပေါင်းစုံ ဖိုက်တာတ ယောက်ပါ။ သူဟာ UFC ပရိတ်သက်တွေကြားမှာ အလွန်ကျော်ကြားတဲ့သူ တယောက်ဖြစ် ပြီး Light-Heavy weight ချန်ပီယံလည်း ဖြစ်ဖူးပါတယ်။သူဟာ အချမ်းသာဆုံး MMA ဖိုက်တာတွေထဲကတယောက်ဖြစ်ပြီး အသားတင်ကြွယ်ဝမှုက ဒေါ်လာ ၁၅ သန်းရှိပါတယ်။

(၈) Randy Couture (ရန်ဒီ ကူကျူး)

Source: SB Nation

အသားတင်ကြွယ်ဝမှု – ဒေါ်လာ ၁၇ သန်း

Randy Couture (ရန်ဒီ ကူကျူး) ဟာအမေရိကန် ဖိုက်တာတယောက်ပါ။စစ်တပ်မှာလည်း တာဝန်ထမ်းဆောင်ဖူးပါတယ်။သူဟာ UFC ချန်ပီယံ ၆ ကြိမ်တိတိ ရရှိဖူးပါတယ်။ UFC သမိုင်းတလျှောက် မတူညီတဲ့ ဝိတ်တန်းနှခုမှာ ချန်ပီယံဖြစ်ဖူးတဲ့ ဖိုက်တာ ၃ ယောက်ပဲရှိပါတယ်။

Randy က သူတို့တွေထဲက တယောက်ပါ။နောက်နှစ်ယောက်ကတော့ Conor McGregor (မက်ဂရီဂေါ်) နဲ့ BJ Penn (ဘီဂျေ ပန်) တို့ပဲဖြစ်ပါတယ်။Randy ရဲ့ချမ်းသာမှုက ဒေါ်လာ ၁၇ သန်းခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

(၇) Wanderlei Silva (ဆေးဗား)

Source: MMA Fighting

အသားတင်ကြွယ်ဝမှု – ဒေါ်လာ ၁၈ သန်း

Wanderlei Silva (ဆေးဗား) ဟာဘရာဇီး ဖိုက်တာတယောက်ပါ။ သူရဲ့ ချမ်းသာမှုက ဒေါ်လာ ၁၈ သန်းခန့်ရှိပါတယ်။ သူက Middleweight ဝိတ်တန်းမှာ ပါဝင်ထိုးသတ်နေတဲ့သူပါ။

(၆) Fedor Emelianenko (ဖက်ဒေါ)

Source: Yohoo! Sports

အသားတင်ကြွယ်ဝမှု – ဒေါ်လာ ၁၈ သန်း

Fedor Emelianenko (ဖက်ဒေါ) ကတော့ ရုရှား ဖိုက်တာတယောက်ဖြစ်ပြီး MMA ဂုဏ်ပြုဆုတွေ အများကြီး ရထားတဲ့သူပါ။ လက်ရှိမှာ Bellator MMA Championships မှာဝင်ရောက်ထိုးသတ်နေပါတယ်။သူ့ရဲ့ ချမ်းသာမှုက ဒေါ်လာ ၁၈ သန်းခန့်ရှိပါတယ်။

(၅) Anderson Silva (အန်ဒါဆန် ဆေးဗား)

Source: Philippine Star

အသားတင်ကြွယ်ဝမှု – ဒေါ်လာ ၁၈ သန်း

Anderson Silva (အန်ဒါဆန် ဆေးဗား) ဟာ ဘရာဇီးဖိုက်တာတယောက် ဖြစ်ပြီး UFC Middleweight ချန်ပီယံဖြစ်ဖူးပါတယ်။သူဟာ UFC သမိုင်းတလျှောက် ချန်ပီယံခါးပက် ကာကွယ်မှု ၁၀ ကြိမ်နဲ့ ၁၆ ပွဲဆက် အနိုင်ရရှိမှု စတဲ့ မှတ်တမ်းတွေ ပိုင်ဆိုင်ထားပါတယ်။သူရဲ့ချမ်းသာမှုကလည်း ဒေါ်လာ ၁၈ သန်းခန့်ရှိပါတယ်။

(၄) BJ Penn (ဘီဂျေ ပန်)

Source: MMA Mania

BJ Penn (ဘီဂျေ ပန်) ကတော့ အမေရိကန် ဖိုက်တာတယောက်ဖြစ်ပြီး Lightweight နဲ့ Welterweight မတူညီတဲ့ ဝိတ်တန်းနှစ်ခုမှာ ချန်ပီယံဖြစ်ဖူးပါတယ်။သမိုင်းတလျှောက် သူအပါအဝင် ၃ ယောက်ပဲ မတူညီတဲ့ ဝိတ်တန်း နှစ်ခုမှာ ချန်ပီယံဖြစ်ဖူးတာပါ။သူရဲ့ ကြွယ်ဝချမ်းသာမှုက ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၂၂ သန်း ရှိပါတယ်။

(၃) Brock Lesnar (ဘရော့ခ် လေစ်နာ)

Source: Give Me Sport

သူလည်း အရင်တုန်းက အမေရိကန် ဖိုက်တာတယောက်ပါ။ အခုတော့ နပန်းသတ်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။Brock ဟာ UFC Heavyweight ချန်ပီယံတခါ ဖြစ်ဖူးပါတယ်။ အခုတော့ WWE မှာ နပန်းသတ်နေပါတယ်။ သူရဲ့ ချမ်းသာမှုက ဒေါ်လာ ၂၈ သန်းရှိပါတယ်။

(၂) Georges St. Pierre (ဂျော့)

Source: Low Kick MMA

Georges St. Pierre (ဂျော့) ဟာ ကနေဒါ ဖိုက်တာတယောက်ဖြစ်ပြီး UFC Welter weight ချန်ပီယံ ၃ ကြိမ်ဖြစ်ဖူးပါတယ်။ လူတော်တော်များများကတော့သူ့ကို အကာင်းဆုံး MMA ဖိုက်တာတယောက်အနေနဲ့ သက်မှတ်ထားကြပါတယ်။သူရဲ့ကြွယ်ဝချမ်းသာမှုကတော့ ဒေါ်လာ သန်း ၃၀ ရှိပါတယ်။

(၁) Conor McGregor (ကော်နာ မက်ဂရီဂေါ်)

Source: The Daily Records

Conor McGregor (ကော်နာ မက်ဂရီဂေါ်) ဟာ အိုင်ယာလန်နိုင်ငံသား ပရော်ဖက်ရှင်နယ် UFC ဖိုက်တာတယောက်ပါ။ သူလည်းပဲ MMA ရဲ့အကောင်းဆုံး ဖိုက်တာတွေထဲမှာ ပါဝင်ပါတယ်။McGregor ရဲ့ကြွယ်ဝချမ်းသာမှု အများစုက MMA ပြိုင်ပွဲတွေကနေ ရလာတာမဟုတ်ပဲ Floyd Mayweather နဲ့ ထိုးသတ်လို့ ရလာတာဖြစ်ပါတယ်။ သူက ကမ္ဘာ့အချမ်းသာဆုံး MMA ဖိုက်တာတယောက်ဖြစ်ပါတယ်။သူရဲ့ချမ်းသာမှုက ဒေါ်လာ သန်း ၁၁၀ ခန့်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။