ယောင်္ကျားတွေအတွက် ခေတ်အဆက်ဆက် မရိုးတဲ့ ဖက်ရှင်ကတော့ ပိုလိုရှပ်ပါပဲ။ ရိုးရှင်း ပေါ့ပါးပြီး ဝတ်သူတိုင်းနဲ့ အဆင်ပြေစေတဲ့ T-Shirt တစ်မျိုး ဖြစ်တဲ့ ပိုလိုရှပ်ဟာ တစ်ခြား T-Shirt တွေနဲ့ မတူတဲ့ ကြယ်စေ့ ၊ ကော်လာနဲ့ ချည်တွေနဲ့ ချုပ်လုပ်ထားတာပါ။ ပိုလိုရှပ်နဲ့ စတိုင်ထုတ်မယ်ဆိုရင်တော့ အခုပြောတဲ့ အချက်တွေသိထားဖို့ လိုပါတယ်။

(၁) ပိုလိုရှပ်လက်ရှည်

Source: tokopedia

တကယ်လို့ ပိုလိုရှပ်ဆို လက်တိုပဲ ဝတ်ဖူးတယ်ဆိုရင် Long Sleeve တွေ ပြောင်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ Casual ပေါ့ပေါ့ပါးပါး အတွက် Sneaker ၊ ချည်ဘောင်းဘီတို့ နဲ့ တွဲဝတ်ကြည့်သင့်ပါတယ်။ ဒီဖက်ရှင်ကတော့ ရာသီမရွေး ဝတ်လို့ ရတဲ့ ဖက်ရှင်လည်း ဖြစ်ပါတယ်။

(၂) ဗြောင်ကာလာ

Source: depositphotos

ပိုလိုရှပ်တွေကို ၁၀ ရာစုနှစ်ကတည်းက စတင်တီထွင်ခဲ့တာပါ။ အရောင်ရင့် ၊ အရောင်မှိုင်း ကိုယ်ကြိုက်တာ ရွေးဝတ်လို့ လည်း လိုက်ဖက်ပြီး ဗြောင်ကွက်တွေက အသက်အရွယ်တိုင်းနဲ့ လိုက်ဖက်ပါတယ်။ ဝတ်လိုက်ရင် အံကျဖြစ်ပြီး Casual ဖြစ်စေဖို့ အပေါ်ဆုံး ကြယ်သီးကိုတော့ ဖြုတ်ထားဖို့ အကြံပေးချင်ပါတယ်။

(၃) Sweat Pants နဲ့ တွဲဝတ်ကြည့်ပါ

Source: outfitter

စတိုင်အပြောင်းအလဲ ဖြစ်ချင်တယ်ဆိုရင် ပိုလိုရှပ်ကို Sweatpant နဲ့ အားကစားဆန်ဆန် ပေါ့ပေါ့ပါးပါး တွဲဝတ်ကြည့်သင့်ပါတယ်။ Sweatpant အတို အရှည် ကိုယ်ကြိုက်တာ ရွေးဝတ်နိုင်ပြီး နှစ်မျိုးစလုံးဟာ လူငယ်ဆန်ပြီး ပေါ့ပါးတဲ့စတိုင်ဖြစ်စေပါတယ်။

(၄) Blazer နဲ့ တွဲဝတ်မလား

Source: hespokestyle

ညနေစာစားပွဲတက်ဖို့ ပေါ့ပေါ့ပါးပါး ဖက်ရှင်တစ်ခုအဖြစ် စဉ်းစားမယ်ဆိုရင် ပိုလိုရှပ်ကို Blazer ကုတ်အပါး ထပ်ဝတ်သွားသင့်ပါတယ်။ ဒါဟာ Business Casual ဆန်ပါတယ်။ ပိုပြီး Formal ဆန်ချင်ရင် ပိုလိုရှပ်အနက် ဒါမှမဟုတ် အဖြူကို အနက်ရင့် Suit နဲ့ တွဲဝတ်ကြည့်သင့်ပါတယ်။

(၅) ပိုလိုရှပ်ဝတ်မယ်ဆိုရင်

Source: Unsplash

ပိုလိုရှပ်ဝတ်တဲ့အခါ အပေါ်ဆုံး ကြယ်သီးဖြုတ်ထားသင့်ပါတယ်။ ကိုယ်ဝတ်နေတဲ့ ပိုလိုရှပ်ဟာ မကျပ်လွန်း မချောင်လွန်း သက်တောင့်သက်သာ အနေတော်ဖြစ်သင့်ပါတယ်။ Formal Event တွေမှာဆို ပိုလိုရှပ်ကို Pants နဲ့ တွဲဝတ်သင့်ပါတယ်။