အဖျော်ယမကာလေးသောက်ပြီး အရသာရှိတဲ့ အကင်လေးတွေနဲ့ အစားအသောက်တွေစားရင်း ဘော်ဒါတွေနဲ့ အေးအေးဆေးဆေး Chill ချင်တဲ့ ကွီးတို့ရှိပါသလား။ ဒီတစ်ခါမှာတော့ အဖျော်ယမကာများနဲ့ အရသာရှိတဲ့ အကင်နဲ့ အစားအသောက်များပါ တစ်နေရာတည်းမှာရပြီး ထိုင်လို့ကောင်းတဲ့ မန္တလေးမြို့က ဘား နဲ့ စားသောက်ဆိုင်များကို ဝေမျှပေးချင်ပါတယ်။
Octopus Bar & BBQ

Photo : Octopus Bar & BBQ
မန္တလေးရွှေမြို့တော်က ကွီးတို့အတွက် ပထမဆုံးဖော်ပြချင်တဲ့ ဆိုင်လေးကတော့ ဖွင့်တာ သိပ်မကြာသေးတဲ့ Octopus Bar & BBQ ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ အပြင်အဆင်က အမိုက်စားဖြစ်တဲ့ အပြင် ဆိုင်အနေအထားကလည်း ကျယ်ဝန်းတော့ ကွီးတို့ဘော်ဒါတွေ အုပ်စုလိုက်နဲ့ Chill မလား၊ မိသားစုလိုက်ပဲ ထိုင်မလား ၊ အဆင်ပြေတဲ့ ဆိုင်လေးပါ။

အဖျော်ယမကာများအပြင် ဟင်းပွဲ Menu တွေကလည်း တကယ်ကို စုံလင်ပါတယ်။ ဒါ့အပြင် အရသာထူးကဲ ကောင်းမွန်လှတဲ့ BBQ အမျိုးအစား စုံစုံလင်လင်လည်း ရနိုင်ပါတယ်နော်။ ညနေခင်း ရုံးဆင်းချိန်လေးမှာ ဘော်ဒါတွေနဲ့ ဘီယာလေးသောက်ပြီး အကင်လေးစားရင်းနဲ့ အေးဆေးထိုင်ဖို့ စိတ်ကူးရှိရင် အဆင်ပြေတဲ့ ဆိုင်လေးပါပဲ။ ဒါ့အပြင် တေးသီချင်းလေးတွေ နားဆင်ခံစားရတာ ကြိုက်တဲ့ ညီကိုတို့ အတွက်လည်း ဗုဒ္ဓဟူး၊ သောကြာနဲ့ တနင်္ဂနွေနေ့တိုင်း Unplugged အစီအစဉ်လေး ရှိပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ လမ်း ၆၀၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြား၊ မဟာအောင်မြေ မြို့နယ်၊ မန္တလေးမြို့ပဲ ဖြစ်ပါတယ်။
ONE WAY – bbq & restaurant

Photo : ONE WAY – bbq & restaurant
ကွီးတို့အတွက် နောက်ထပ်ဖော်ပြချင်တဲ့ အကင်နဲ့ အဖျော်ယမကာ တစ်နေရာတည်းမှာ စုံစုံလင်လင်ရတဲ့ ထိုင်လို့ကောင်းတဲ့ မန္တလေးမြို့က ဘား နဲ့ စားသောက်ဆိုင်များထဲက တစ်ခုကတော့ အဝါရောင် ဆိုင်အပြင်အဆင်လေးနဲ့ ONE WAY – bbq & restaurant ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးက ညနေခင်းမှာ ဒါမှမဟုတ် ညချမ်းလေးမှာ လွတ်လွတ်လပ်လပ်နဲ့ အေးအေးဆေးဆေး ထိုင်ချင်တဲ့ ကွီးတို့အတွက် တကယ်ကို အကြိုက်တွေ့စေမှာပါ။

ဒီဆိုင်လေးမှာ အရသာရှိတဲ့ အကင်နဲ့ ဟင်းလျာမျိုးစုံကို မြည်းစမ်းလို့ရတဲ့ အပြင် အဖျော်ယမကာများကလည်း စုံလင်ပါတယ်။ ပိတ်ရက်မှာ ဘော်ဒါတွေနဲ့ ဘီယာသောက်ရင်း ဆိုင်ထိုင်မယ်ဆိုရင် ရွေးချယ်လို့ကောင်းတဲ့ ဆိုင်လေးပါပဲ။ ဝန်ဆောင်မှုလည်း ကောင်းတဲ့ ဆိုင်လေးလည်း ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ ၃၂ လမ်း၊ ၆၅/၆၆ လမ်းကြား၊ မန္တလေးမြို့ပဲ ဖြစ်ပါတယ်။
Happy Garden Restaurant & BBQ

Photo : Happy Garden Restaurant & BBQ Facebook Page
ဆိုင်နာမည်လေးအတိုင်း လှပတဲ့ ဥယျာဉ်လေးထဲ ရောက်သွားသလို ခံစားရစေမဲ့ ထိုင်လို့ကောင်းတဲ့ ဆိုင်လေးကတော့ Happy Garden Restaurant & BBQ ဆိုတဲ့ ဆိုင်လေးပဲ ဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ အပြင်အဆင်က ကျယ်ကျယ်ဝန်းဝန်းရှိပြီး ကွီးတို့ကို တမူထူးခြားတဲ့ ခံစားမှုရသလေး ပေးစွမ်းနိုင်မဲ့ ဆိုင်လေးပါပဲ။

ဒီဆိုင်လေးမှာ အဖျော်ယမကာများကို သောက်ရင်း မြည်းစမ်းဖို့ အရသာ ထူးကဲကောင်းမွန်လှတဲ့ BBQ ကိုလည်း မြည်းစမ်းလို့ရပါတယ်။ ဒါ့အပြင် မြည်းစမ်းကြည့်ချင်စရာ အခြားအမျိုးအစား စုံလင်တဲ့ ဟင်းပွဲ Menu တွေကလည်း စုံလင်ပါသေးတယ်။ ဒီဆိုင်လေးရဲ့ လိပ်စာကတော့ ၆၃ လမ်း၊ ၃၈ လမ်း နဲ့ ၃၉ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ပဲ ဖြစ်ပါတယ်။
အခုဖော်ပြ ပေးလိုက်တာကတော့ ထိုင်လို့ကောင်းတဲ့ မန္တလေးမြို့က ဘား နဲ့ စားသောက်ဆိုင်များ ပဲ ဖြစ်ပါတယ်။ မန္တလေးမြို့က ကွီးတို့အတွက်ရော၊ မန္တလေးကို အလည်ရောက်ရင် ထိုင်ဖို့ ဘားနဲ့ စားသောက်ဆိုင်လေးတွေ ရှာနေတယ်ဆိုရင် ဒီဆိုင်လေးတွေကို Try ကြည့်လိုက်ပါ။
Featured Photo : ONE WAY – bbq & restaurant
