ပါတီတစ်ခု စီစဉ်ကျင်းပရတာဟာ တကယ်တော့ ထင်ထားတာထက် ပိုပြီး ခက်ခဲရှုပ်ထွေးပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ လူငယ်တွေအတွက် ပျော်ရွှင်စရာကောင်းတဲ့ ပါတီ တစ်ခု အောင်အောင်မြင်မြင် ၊ ဖြစ်ဖြစ်မြောက်မြောက် ကျင်းပနိုင်ဖို့ဆိုရင် ကြိုတင်စီစဉ် Plan ချရမယ့် အရာတွေအများကြီး ရှိပါတယ်။ ပြီးပြည့်စုံပြီး အမှတ်ရဖွယ် ပျော်ရွှင်စရာပါတီလေးတစ်ခု ဖြစ်ရေးအတွက် ကဏ္ဍအသီးသီးမှာ သေချာအသေးစိတ် စီစဉ်ရတာပါ။
Photo : The Independent
ပါတီကို ဧည့်သည် ဘယ်နှစ်ယောက်ဖိတ်မှာလဲ ၊ ပါတီ တက်မယ့် ဧည့်သည် အရေအတွက်နဲ့အညီ နေရာထိုင်ခင်း ၊ ပါတီ Theme ၊ ဧည့်ခံမယ့် စားစရာ ၊ သောက်စရာ Drinks တွေအပြင် ဖျော်ဖြေရေးပိုင်းမှာဆိုလည်း ဂိမ်းတွေ ထည့်မှာလား ၊ DJ ငှားမလား စသည်ဖြင့် ကြိုတင်ပြင်ဆင်ရပါတယ်။ ဒီနေရာမှာ အရေးကြီးအချက်တစ်ခုက ပါတီကို ဘယ်အချိန်က စမလဲဆိုတာပါပဲ။
ပါတီစမယ့် အချိန်နဲ့ ပတ်သတ်ပြီး လူကြီးတွေနဲ့ လူငယ်တွေကြားမှာတော့ မတူညီတဲ့ အမြင်သဘောထား ကွဲလွဲမှုလေးတွေ ရှိပါတယ်။ များသောအားဖြင့် လူကြီးပိုင်းတွေကတော့ ပါတီကို စောစောစပြီး စောစောသိမ်းတာမျိုးကို နှစ်သက်သဘောကျ ကြပါတယ်။ ယေဘုယျအားဖြင့် ညနေ ၅ နာရီကနေ ည ၈ လောက်အထိ ဖြစ်ပါတယ်။ လူငယ်တွေအတွက်တော့ ဒါဟာ သဘောကျနိုင်စရာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။
လူငယ်တွေ ဦးစီးကျင်းပတဲ့ ပါတီတစ်ခုက အနည်းဆုံး ညနေ ၆ နာရီကနေ ၁၀ နာရီ လောက်အထိ ခရီးဆက်လေ့ရှိပါတယ်။ ညဉ့်နက်လေ ပါတီရဲ့အရှိန်က ပိုတက်ပြီး ပိုပျော်စရာကောင်းလေပါပဲ။ သောက်တာ စားတာ ၊ ဖျော်ဖြေရေး ကဏ္ဍတွေအားလုံးအပါ အချိန်လောက်လောက်ငှငှနဲ့ ပျော်ရွှင်မှုကို အပြည့်အဝ ခံစားချင်တယ်ဆိုရင်တော့ ညနေ ၆ နာရီကနေ ည ၁၀ နာရီ က အကောင်းဆုံး ပါတီ ကျင်းပဖို့ အချိန်ဖြစ်ပါတယ်။ ပါတီပြီးဆုံးလို့ အိမ်ပဲပြန်မလား ၊ ဒါမှမဟုတ် နောက်တစ်နေရာကို ခရီးဆက်ချင်တဲ့ သူတွေအတွက် After ပါတီအနေနဲ့ Bar တွေ Club တွေပဲ ဆက် Jion မလား အဆင်ပြေပါတယ်။
Photo : The Honeycombers
ညနေခင်း ၆ နာရီကနေ ညဦးပိုင်းအထိ အချိန်ဟာ ပါတီတစ်ခု ကျင်းပဖို့ အကောင်းဆုံး အချိန်ဖြစ်တာကြောင့် ဘယ်အချိန်ပါတီ ကျင်းပရမလဲ စဉ်းစားရခက်နေတဲ့ ကွီးတို့အတွက် ပါတီကျင်းပဖို့ အသင့်တော်ဆုံး အချိန်ကို ပြောပြပေးလိုက်ပါတယ်နော်။ ဘော်ဒါတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပါတီလေးတစ်ခု ကျင်းပပြီး အမှတ်တရကောင်းလေးတွေ ဖန်တီးလိုက်ရအောင်ပါ။
Featured Photo : Casting Networks