ပါတီနဲ့ သီချင်းဆိုတာ အမြဲယှဉ်တွဲလျက်ရှိတဲ့ အရာ ၂ ခုပါ။ ပါတီ တစ်ခုမှာ ဂီတမပါရင် ဘယ်နည်းမှ မပြည့်စုံနိုင်ပါဘူး။ သီချင်းတွေက ပါတီရဲ့ အရှိန်ကို ပိုမြှင့်ပေးနိုင်သလို ပိုပြီးပျော်စရာကောင်းတဲ့ အခြေအနေတစ်ခုကိုလည်း ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ ပါတီ ပွဲလေးကို ပိုပြီး ပျော်စရာကောင်းစေဖို့ ပါတီ မှာ ဖွင့်လိုကောင်းတဲ့ အမိုက်စား သီချင်း ၅ ပုဒ်ကို မျှဝေပေးချင်ပါတယ်။
(၁) Blueberry Faygo – Lil Mosey
Source : Lyrical Lemonade
ဒီသီချင်းလေးက အမေရိကန်ရက်ပ်ပါ Lil Mosey ရဲ့ အမိုက်စား သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က ပါတီ Songs Genre ထဲမှာ တော်တော်လေး လူကြိုက်များ ဟော့ဖြစ်ခဲ့တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ TikTok လို ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာလည်း အရမ်းကို ရေးပန်းစားခဲ့ပါတယ်။ လူငယ်ဆန်ဆန်နဲ့ မြူးမြူးကြွကြွ ကလို့ကောင်းတဲ့ ပါတီ သီချင်း တစ်ပုဒ် ဖြစ်ပါတယ်။
(၂) Savage Remix – Megan Thee Stallion Feat. Beyoncé
Source : Megan Thee Stallion
အမျိုးသမီအဆိုရှင်တွေ သီဆိုထားတဲ့ အကျော်ကြားဆုံး ပါတီ သီချင်းတစ်ပုဒ်ကတော့ Savage (Remix) သီချင်းလေး ဖြစ်ပါတယ်။ ဒီသီချင်းလေးကိုတော့ အမေရိကန်ရက်ပ်ပါ Megan Thee Stallion နဲ့ Beyoncé တို့တွဲဖက်ပြီး သီဆိုထားပါတယ်။ မြူးကြွတဲ့သံစဉ်တွေနဲ့ ပါတီမှာ လွင့်မြောလို့ ကောင်းတဲ့ သီချင်း တစ်ပုဒ်ဖြစ်ပါတယ်။
(၃) What A Man Gotta Do – Jonas Brothers
Source : Jonas Brothers
Jonas Brothers အဖွဲ့ရဲ့ အမိုက်စား သီချင်း ကောင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ ဒီသီချင်းလေးက ၂၀၂၀ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီး ခပ်မြူးမြူးနဲ့ ကလို့ကောင်းတဲ့ ပါတီသီချင်းလေး ဖြစ်ပါတယ်။ Jonas Brothers ရဲ့ ၂၀၁၉ ခုနှစ်ကထွက်ခဲ့တဲ့ Sucker သီချင်းပြီးရင် ဒီသီချင်းလေးကလည်း အရမ်းကို လူကြိုက်များရေပန်းစားပါတယ်။
(၄) Popstar – DJ Khaled Feat. Drake
Source : DJ Khaled
ဒီသီချင်းက ဂီတနယ်ပယ်ထဲက အထင်ကရအနုပညာသမားတွေဖြစ်တဲ့ DJ Khaled နဲ့ Drake တို့ Collaboration လုပ်ထားတဲ့ သီချင်းအမိုက်စားတစ်ပုဒ် ဖြစ်ပါတယ်။ နာမည်ကြီး ကနေဒါအဆိုတော် Justin Bieber ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Music Video ထွက်လာကတည်းက တော်တော်လေးကို ပေါက်ခဲ့တာပါ။ Youtube ပေါ်မှာ Viwer သန်းနဲ့ ချီရရှိထားတဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
(၅) Let Me Move You – Sabrina Carpenter
Source : Netflix
ဒီသီချင်းလေးက Sabrina Carpenter ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Netflix ရုပ်ရှင်ဇာတ်ကား Work It ရဲ့ ဇာတ်ဝင်တေးတစ်ပုဒ် ဖြစ်ပါတယ်။ မြူးကြွတဲ့ Beat တွေနဲ့ စည်းချက်ညီညီ ကခုန်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ။ လူငယ်ဆန်ဆန် ပါတီ ပွဲတွေနဲ့ အလိုက်ဖက်ဆုံး သီချင်း ကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
Featured Photo : Medium