ကွီးတို့ရေ ပါတီ ဆိုတာ စိတ်လှုပ်ရှားစရာကောင်း ပြီး ပျော်ရွှင်စေတဲ့ ပွဲတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကွီးတို့က ပါတီကို စီစဉ်မယ့် စီစဉ်သူဆိုရင်တော့ ဖိအားတွေရှိလာပြီး ခေါင်းကိုက်စရာ နည်းနည်းကြုံနိုင်ပါတယ်နော်။ ကွီးတို့က အိမ်ရှင်လို ပါတီစီစဉ်သူတွေလို မဟုတ်ဘဲ ပါတီလာတဲ့ ဧည့်သည်တွေလို ပျော်ပျော်ပါးပါးနေနိုင်ဖို့ နည်းလမ်းလေးတွေတော့ လိုပါတယ်။ ဒါကြောင့် ကွီးတို့ကို အကောင်းဆုံး ပါတီ ဖန်တီးနိုင်ဖို့ သိထားရမယ့် အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Theme တစ်ခုနဲ့ စတင်ပါ

အကောင်းဆုံး-ပါတီ

Photo : The Honey Combers

အကောင်းဆုံး ပါတီ လုပ်တော့မယ်ဆိုရင် ပထမဦးစွာ ဘယ်လိုလုပ်မယ် ဆိုတဲ့ အကြောင်းအရာ ပြင်ဆင်ချက် စသည်နဲ့စတင်ပါ။ အစားအ သောက်၊ ဂီတ နဲ့ အလှဆင်မှုများအားလုံးကို ကွီးတို့ စိတ်ကြိုက် ဆုံးဖြတ်ရွေးချယ်ပါ။ ပွဲတတ်သူတွေလည်း သဘောကျစေမယ့် သဘာဝအတိုင်း လိုက်ဖက်တဲ့ အပြင်အဆင်ကို စဉ်းစားပါ။ သူငယ်ချင်း မိတ်တွေတွေဆီကလည်း အကြံဉာဏ်တောင်းကြည့်ပါ။ တစ်ခါတစ်လေ မတူညီတဲ့ ရူထောင့်နဲ့ စိတ်ကူးတွေက ကွီးတို့ရဲ့ ပါတီကို ပိုအသက်ဝင်စေပါတယ်။

(၂) နေရာ သေချာရွေးချယ်ပါ

အကောင်းဆုံး ပါတီ

Photo : tHE

ပွဲကျင်းပမယ့် နေရာ ရွေးချယ်မှု သည်လည်း အကောင်းဆုံး ပါတီ ဖြစ်ဖို့အတွက် အရေးပါပါတယ်။ ပါတီ အမျိုးအစားအလိုက် မှန်ကန်သောနေရာကို ရွေးချယ်ခြင်းက အလုံးစုံတတ်ကြွဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်ကို ပေးစွမ်းပါတယ်။ ပြီးပြည့်စုံတဲ့ အနေအထားကို ဖန်တီးနိုင်ဖို့ ပတ်ဝန်းကျင် နဲ့ အပြင်အဆင်ကို သတိထားရန် အရေးကြီးပါတယ်။ ပါတီအတွက် သင့်တော်သော အကျယ်အဝန်းရှိတဲ့ နေရာကို ရွေးချယ်ပါ။ ကိုယ်မျှော်မှန်းထားသော ဧည့်သည်အရေအတွက်နဲ့ လိုက်လျောညီထွေ ဖြစ်စေမည့် နေရာကို ကြိုတင်စာရင်းသွင်းခြင်းသည် ကွီးတို့ ပွဲအတွက် သက်ဝင်လှုပ်ရှားဖွယ်ကောင်းသော အငွေ့အသက်ဖြစ်စေရန် ကူညီပေးပါလိမ့်မယ်။

(၃) သီချင်းရွေးချယ်ပါ

DJ

Photo : DJ Teach Tool

အကောင်းဆုံး ပါတီ တစ်ခုလုပ်မယ်ဆိုရင် မရှိမဖြစ်ကတော့ သီချင်းပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ နောက်ခံတေးဂီတပဲဖြစ်ဖြစ်၊ DJ ပဲဖြစ်ဖြစ် ကိုယ်ဖိတ်ထားတဲ့ ဧည့်သည်တွေနဲ့ လိုက်ဖက်တဲ့ တေးဂီတကို တီးခတ်တာက ပျော်စရာကောင်းတဲ့ ပါတီအငွေ့အသက်ကို ဖန်တီးပေး နိုင်ပါတယ််။ DJ သို့မဟုတ် တီးဝိုင်းတစ်ဝိုင်းကို ငှားရမ်းပါ ၊ တက်ကြွသောတေးဂီတသည် ပါတီမြင်ကွင်းကို ပိုမို သက်ဝင်လှုပ်ရှား လှပအောင် စွမ်းဆောင်ပေး ပါလိမ့်မယ်။

(၄) ဖျော်ဖြေရေး

DANCING

Photo : BBC

ဖျော်ဖြေရေး အစီအစဉ်တွေ ထည့်သွင်းခြင်းကလည်း ကွီးတို့ရဲ့ ပါတီကို ပိုကောင်းစေပြီး တက်ကြွ ပျော်ရွှင်စရာကောင်းပါလိမ့်မယ်။ ဘယ်သူကမှ ပျင်းစရာကောင်းတဲ့ပါတီကို မသွားချင်ကြပါဘူး။ ဒါကြောင့် ဖျော်ဖြေရေးများဖြစ်တဲ့ မျက်လှည့်ဖြစ်စေ၊ အကသမားများဖြစ်စေ၊ ဆပ်ကပ်ဖြစ်စေ ထည့်သွင်းပြီး ဧည့်သည်များကိုပါ ပါဝင်ခိုင်းပါ။ ဆွဲဆောင်မှုရှိတဲ့ ဖျော်ဖြေ ရေး အစီအစဉ်တွေက ကွီးတို့ရဲ့ ပါတီကို ပိုအသက်ဝင်စေပါတယ်။ ဖျော်ဖြေရေး အစီအစဉ် တွေထည့်သွင်းခြင်း ကလည်း အကောင်းဆုံးပါတီ တစ်ခုဖြစ်လာစေရန် အရေးပါသောအချက်ဖြစ်ပါတယ်။

(၅) သင် ကိုယ်တိုင်ပါ

PARTY

Photo : K2 Productions

ဟုတ်ပါတယ်။ ကွီးတို့ ကိုယ်တိုင်ဟာ ပါတီရဲ့ အငွေ့အသက်တွေအပေါ် အရေးအကြီးဆုံး လွှမ်းမိုးမှုတွေထဲက တစ်ယောက်ပါ။ ဒါဟာ ကွီးတို့ရဲ့ပွဲဖြစ်လို့ ကွီးရဲ့ဧည့်သည်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်ရှိနေဖို့ လိုပါတယ်။ ဧည့်သည်များနှင့် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပါ။ ပျော်ရွှင်စရာ အကောင်းဆုံး ပါတီ ဖြစ်စေရန် စိတ်ပိုင်းဖြတ်ထားပါ။

Source : The Collection Events

Featured Photo : Resourcesandtools