ဘော်ဒါတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ဘားထိုင်ရတာသည်လည်း ပျော်ရွှင်ဖွယ်ကောင်းတဲ့ ခံစားချက်တစ်ခုဖြစ်ပြီး စိတ်ညစ်စရာများအားလုံးကို ပြေပျောက်စေပါတယ်။ ဘားထိုင်ရတာ နှစ်သက်တဲ့ ကွီးတို့အတွက်လည်း ရန်ကုန်မြို့ရှိ ဘားနှင် စားသောက်ဆိုင်များက အသင့်စောင့်ကြိုလျက်ရှိပါတယ်။ ဒီလိုမျိုး ဘားဆိုင်တွေ အများအပြားရှိတဲ့အနက် ကွီးတို့ ဘဝ မှာ တစ်ခါတစ်ခေါက်လောက် သွားထိုင်သင့်တဲ့ ရန်ကုန် မြို့ရှိ ဘား နှင့် စားသောက်ဆိုင်အချို့ကို ဝေမျှပေးလိုက်ရပါတယ်။
Asagiri Restaurant & Bar

Photo: Facebook
ဘဝ မှာ တစ်ခါလောက်ထိုင်သင့်တဲ့ ရန်ကုန် မြို့ရှိ ဘား နှင့် စားသောက်ဆိုင်တွေထဲမှာ ဒီဆိုင်လည်း တစ်ဆိုင်အပါအဝင်ပါပဲ။ ဒီဆိုင်ရဲ့ တည်နေရာကတော့ ကျွန်းတောလမ်းနှင့် နာနတ်တောလမ်းထောင့်မှာ တည်ရှိပြီး Drink Menu အစုံအလင် ရရှိတဲ့ဆိုင်တစ်ဆိုင်ပဲ ဖြစ်ပါတယ်။ ကော့တေးထဲမှာဆိုရင် ကော့တေး အမျိုးအစားပေါင်း ၁၅ မျိုး မှာယူသောက်သုံးနိုင်ပြီး Tequila Shoot ၊ Vodka Shoot နှင့် Jagermeister Shoot ဆိုပြီးလည်း အသီးသီးရှိပါသေးတယ်။ ဒါတင်မကသေးပါဘူး၊ ရွေးချယ်စရာ ဘီယာ အမျိုးအစားပေါင်း (၆) မျိုးလည်း ရှိပါသေးတယ်။ ဘီယာ ကော့တေးလည်း ရှိသေးတဲ့အပြင် သစ်သီးဖျော်ရည်မျိုးစုံလည်း မှာယူသောက်သုံးနိုင်ပါသေးတယ်။
အသောက်တစ်လိုင်းများအတွက် အမြည်းတွေကလည်း မရှိမဖြစ်ဘဲဆိုတော့ အရသာရှိတဲ့ အမြည်းများကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်လည်း ရွေးချယ်စရာ Asagiri Food Menu မျိုးစုံလည်း ရှိပါသေးတယ်။ ဈေးနှုန်းလည်း သင့်တင့်ပြီး အရသာလည်းရှိတဲ့ အမြည်းများကတော့ ကွီးတို့ လျှာပေါ်မှာ ကျွမ်းပြန်သွားစေမှာပဲ ဖြစ်ပါတယ်။
Sanctuary Sky Bar

Photo: Facebook
Sanctuary Sky Bar ကတော့ အမှတ် ၁၁၇/၁၂၇ ၊ ၃၃ လမ်း၊ အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်မှာ တည်ရှိတဲ့ Sanctuary Hotel Yangon ရဲ့ အပေါ်ဆုံးထပ်မှာ တည်ရှိပါတယ်။ ဘော်ဒါတွေနဲ့အတူတူ Rooftop Bar မှာ အပီကဲချင်တဲ့ ကွီးတို့အတွက် ဘဝ မှာ တစ်ခါလောက် သွားထိုင်သင့်တဲ့ ရန်ကုန် မြို့ရှိ Rooftop ဘား ပဲဖြစ်ပါတယ်။ အကောင်းစား ဘီယာများ၊ ကော့တေးများကို မြည်းစမ်းသောက်သုံးနိုင်တဲ့အပြင် အရသာရှိတဲ့ အမြည်းများကလည်း စုံစုံလင်လင်နဲ့ဆိုတော့ ကွီးတို့အားလုံး အကြိုက်တွေ့သွားမှာ အသေအချာပါပဲ။ ဘီယာနဲ့ ကော့တေး မသောက်ချင်တဲ့အချိန်ဆိုရင် အကောင်းစား ဝိုင်များကိုလည်း ရွေးချယ်သောက်သုံးနိုင်ပါသေးတယ်။ မွေးနေ့ပွဲများ၊ ပါတီပွဲများ ကျင်းပချင်သူများအတွက်လည်း ငှားရမ်းပြင်ဆင်ပေးတာကြောင့် ကြိုတင်ဘိုကင်ချိတ်ထားဖို့တော့ လိုမယ်နော်။
Point Bar & Restaurant

Photo: Facebook
ဒီဆိုင်လေးကတော့ အမှတ် (၂၇) ၊ သြဘာလမ်းနှင့် စကြာလမ်းထောင့်၊ ကျောက်မြောင်း ၊ တာမွေမြို့မှာ တည်ရှိတာဖြစ်ပါတယ်။ မွေးနေ့ပွဲပြ လုပ်မလား၊ ဒင်နာပါတီပွဲပဲ ကျင်းပမလား ၊ ပျော်ပျော်ပါးပါး ကျင်းပနိုင်ပါတယ်။ ဟန်နီကန်ဘီယာ ၊ Tiger ဘီယာနှင့် ABC ဘီယာ ၃ မျိုးကို ကွီးတို့ စိတ်ကြိုက် ရွေးချယ် သောက်သုံးနိုင်တဲ့အပြင် ရှီရှားများ၊ ကော့တေးနှင့် Shots များကိုလည်း အကောင်းစား နိုင်ငံခြားအရက်စစ်စစ်ဖြင့် ဖော်စပ်ထားတဲ့အတွက်ကြောင့် ကွီးတို့ ဘဝင်ခိုက်သွားမှာ အသေအချာပါပဲ။ ဒါ့အပြင် အမြည်းအတွက် အနောက်တိုင်း အစားအစာများရော၊ အရှေ့တိုင်း အစားအစာများပါ မှာယူစားသုံးနိုင်တာကလည်း Point Bar & Restaurant ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။
Featured Image: Downtownskybar
