ကွီးတို့ရေ ရက်သတ္တပတ်ဟာ လျင်လျင်မြန်မြန်ပဲ ကုန်ဆုံးသွားပြန်ပါပြီ။ ပိတ်ရက်မှာ တစ်ပတ်တာ ပင်ပန်းသမျှကို ဖြေဖျောက်ဖို့ ဘော်ဒါတွေနဲ့ ဆုံပြီး ပျော်ပျော်ပါးပါး ဘားမှာ Chill ချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် သူငယ်ချင်း အုပ်စုလိုက် Chill လို့ကောင်းတဲ့ အမိုက်စား ဘား လေးတွေ ကိုဖော်ပြပေးချင်ပါတယ်။
(၁) Colony Bar & Bistro

Photo : Colony Bar & Bistro
ကွီးတို့ ဘော်ဒါတွေနဲ့ ထိုင်လို့ကောင်းမဲ့ အမိုက်စား ဘား လေးတစ်ခုကတော့ Colony Bar & Bistro ပဲဖြစ်ပါတယ်။ ဒီဘားလေးရဲ့ ဆိုင်အပြင်အဆင်က ကွီးတို့ လူငယ်တွေ အကြိုက်တွေ့စေမှာပါ။ ဒီဘားကို ရောက်ရင် သူ့ရဲ့ အလန်းစား Signature ကော့လ်တေးလေးတွေကို မြည်းစမ်းကြည့်လို့ ရပါတယ်။ ဒါ့အပြင် ရိုးရိုး ဘီယာအစား Colony Battery Beer ကို သုံးဆောင်ကြည့်လို့ရသလို အခြားသော အဖျော်ယမကာများလည်း ရှိပါတယ်။
အစားအသောက်ပိုင်းမှာဆိုလည်း ဒီဘားလေးမှာ အဖျော်ယမကာတွေနဲ့ လိုက်ဖက်တဲ့ ဟင်းပွဲများ စုံလင်လှတဲ့ အပြင် Signature ဟင်းပွဲ Menu တွေကလည်း တကယ်ကို မြည်းစမ်း ကြည့်ချင်စရာပါ။ ဒီဘားလေးက ဆိုင်ခွဲ နှစ်ခုရှိတဲ့ အတွက် ကွီးတို့နဲ့ နီးစပ်ရာမှာ ဘော်ဒါတွေနဲ့ Chill လို့ရပါတယ်။ ကျောက်မြောင်း ဆိုင်ခွဲရဲ့ လိပ်စာကတော့ အမှတ် (၉)၊ သတိပဌာန်လမ်း၊ ကျောက်မြောင်းရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။ သာကေတဆိုင်ခွဲရဲ့ လိပ်စာကတော့ မင်းနန္ဒာလမ်းမ၊ ရန်အောင်နဲ့ ဝက်စု မှတ်တိုင်ကြား၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
(၂) NINJA BAR

Photo : NINJA BAR
နောက်ထပ်ဖော်ပြချင်တဲ့ ဘားလေးကတော့ Private ဆန်ပြီး ကိုယ့်ဘော်ဒါတွေနဲ့ ကိုယ့်အုပ်စု အလိုက် ပျော်ပျော်ပါးပါး Chill လို့ကောင်းတဲ့ ဘားလေးပါ။ ဒီ ဘားလေးက Japanese စတိုင်လ် ဘားလေး ဖြစ်ပြီး ဆိုင်အနေအထားလေးကလည်း တကယ်ကို အမိုက်စားပါ။ Unplugged တေးဂီတ အစီအစဉ်လေးကလည်း စနေနေ့တိုင်းရှိပါသေးတယ်။
ဒီဘားလေးမှာ ဂျပန်ဆာကေး၊ ဘီယာနဲ့ ကော့လ်တေး စတဲ့ အဖျော်ယမကာ အမျိုးအစား စုံစုံလင်လင်လည်း ရှိပါတယ်။ ဒါ့အပြင် အရသာရှိတဲ့ ဟင်းပွဲ Menu တွေအပြင် Japanese Food တွေပါရတော့၊ ကွီးတို့ရေ ရေမီးအစုံနဲ့ ကဲလို့ရပြီပေါ့။ ဒီဘားလေးရဲ့ လိပ်စာကတော့ အမှတ် (၂၁)၊ ပန်းခြံလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
(၃) 9 Bar

Photo : 9 Bar
လွတ်လွတ်လပ်လပ်နဲ့ ဘော်ဒါတွေနဲ့ အုပ်စုလိုက် အေးအေးဆေးဆေး ထိုင်ချင်တဲ့ ကွီးတို့ အတွက်တော့ 9 Bar ရှိပါတယ်။ Unplugged တေးဂီတလေးတွေ နားထောင်ရင်း ပဲဘော်ဒါတွေနဲ့ စားသောက်ကြမလား။ လေပြေညှင်းတွေ ခံစားရင်း အေးဆေး ဘီယာသောက်ရင်း စကားပြောကြမလား စိတ်ကြိုက်ရွေးချယ်လို့ ရပါတယ်။
ဒီဘားလေးမှာ အဖျော်ယမကာများနဲ့ အရသာရှိတဲ့ ဟင်းပွဲများ ကိုစုံစုံလင်လင် သုံးဆောင်လို့ရပါတယ်။ ဒီဘားလေး ကနေ ရန်ကုန်မြို့ ရှုခင်းကိုလည်း ခံစားလို့ရပါတယ်။ ဒီ အမိုက်စား ဘား လေးရဲ့ လိပ်စာကတော့ အမှတ် (၅၂၀)၊ (Excel Treasure Tower)၊ ကမ္ဘာအေး ဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ပဲ ဖြစ်ပါတယ်။
Featured Photo : NINJA BAR
