မကြာခင် အချိန်ကာလတစ်ခုမှာ ခရစ်စမတ်ကာလ ရောက်လာတော့မှာပဲဖြစ်ပါတယ်။ ခရစ်စမတ်အချိန်ကာလမှာ ကိုယ်ချစ်ခင်ရတဲ့သူများအတွက် လက်ဆောင်ပစ္စည်းများ ပေးပို့ခြင်း၊ လက်ဆောင်ပစ္စည်းများ ဖလှယ်ခြင်းတို့ ပြုလုပ်ပြီး ချစ်ခြင်းမေတ္တာများကို ဖော်ပြလေ့ရှိပါတယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ ဆွေမျိုးများ၊ မိတ်ဆွေသင်္ဂဟများနှင့်အတူတူ ခရစ်စမတ် ပါတီ ပွဲများ ကျင်းပကြတာမျိုးလည်း ရှိပါတယ်။

ဘော်ဒါတွေနဲ့အတူတူ ခရစ်စမတ် ပါတီ ကျင်းပတဲ့အခါ လွတ်လပ်ပေါ့ပါးတဲ့ ဖီလင်တစ်မျိုးကို ခံစားရမှာဖြစ်ပြီး မိသားစုများနှင့်အတူတူ ဆင်နွှဲကျင်းပတဲ့အခါမှာတော့ နွေးထွေးမှုကို ခံစားရမှာပဲဖြစ်ပါတယ်။ ဘယ်သူနဲ့ပဲ ခရစ်စမတ် ပါတီ ကျင်းပနေပါစေ ပျော်ရွှင်ကြည်နူးမှာကို ခံစားရမှာပါ။

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဘော်ဒါတွေအတွက်ပဲဖြစ်ဖြစ်၊ မိသားစု ဆွေမျိုးများအတွက်ပဲဖြစ်ဖြစ် ခရစ်စမတ်ပါတီပွဲ ကျင်းပမယ်ဆိုရင် သိထားသင့်တဲ့အချက်များရှိပါတယ်။ ဒီအချက်များကို သိထားမှသာလျှင် အဓိပ္ပါယ်ရှိပြီး ပြီးပြည့်စုံကာ ပျော်ရွှင်စရာကောင်းတဲ့ ခရစ်စမတ်ပါတီကို ကျင်းပဆင်နွှဲနိုင်မှာဖြစ်ပါတယ်။

List တစ်ခု ပြုလုပ်ထားပါ

making a lsit

ပါတီပွဲ ကျင်းပတော့မယ်လို့ စိတ်ကူးရှိတာနဲ့ အရင်ဆုံး ပြင်ဆင်ရ၎ယ့်အရာများကို စာရင်းပြုစုထားရမှာဖြစ်ပါတယ်။ ဘယ်ကနေ စလုပ်လို့ စရမယ်မှန်း မသိဘူးဆိုရင် ဒီမေးခွန်းတွေအတိုင်း စဥ်းစားပြီး စာရင်း ပြုစုနိုင်ပါတယ်။

  • ခရစ်စမတ် ပါတီပွဲကို ဘယ်နေရာမှာ ကျင်းပမှာလဲ။
  • ဘယ်သူတွေကို ဖိတ်ကြားမှာလဲ။
  • ဧည့်သည်တွေကို ဘယ်လိုဖိတ်ကြားမလဲ။
  • အစားအစာများကို ကိုယ်တိုင်ချက်ပြုတ်မှာလား (သို့) မှာစားမှာလား။
  • ပါတီမှာ ပါတီဂိမ်းတွေရော ဆော့မှာလား။
  • ပါတီပွဲ ကျင်းပဖို့ အကောင်းဆုံး ရက်နှင့် အချိန်က ဘယ်အချိန်ဖြစ်မလဲ။
  • ဘက်ဂျက် ဘယ်လောက်သုံးမလဲ။

ဒါဆိုရင်တော့ တိကျသေချာတဲ့ List တစ်ခု ထွက်လာပါလိမ့်မယ်။

အိမ်ရှင်တစ်ယောက်လို မစဥ်းစားဘဲ ဧည့်သည်တစ်ယောက်လို စဥ်းစားပါ

christmas party

ကိုယ့်ကိုယ်ကိုယ် ဧည့်သည်တစ်ယောက်နေရာက ဝင်စဥ်းစားကြည့်ပါ။ ဧည့်သည်တစ်ယောက်ဆိုရင် ဘာလုပ်ချင်မလဲ၊ ဘာစားချင်မလဲ။ ပါတီအပြင်အဆင်တွေကို ဘယ်လိုပြင်ဆင်ရင်တော့ သဘောကျမလဲ။ ထိုင်ခုံ နေရာများကို ဘယ်လိုစီစဥ်ထားရင် အကောင်းဆုံး ဖြစ်မလဲ စတာတွေအတွက် အဖြေထွက်လာမှာပဲဖြစ်ပါတယ်။

ဖိတ်ကြားခြင်းကို စောစော စီးစီး ပြုလုပ်ထားပါ

christmas party

ခရစ်စမတ်ကာလသည် လူအများအလုပ်ရှုပ်ကြတဲ့အချိန်ဖြစ်ပါတယ်။ သင့်ရဲ့ ဧည့်သည်တွေမှာလည်း သွားစရာ လာစရာများ၊ သူတို့ကိုယ်ပိုင်အစီအစဥ်များရှိပါလိမ့်မယ်။ သင့်ရဲ့ ပါတီပွဲကို မဖြစ်မနေ လာရောက်စေချင်တယ်ဆိုရင်တော့ သူတို့ကို ဖိတ်ကြားတဲ့အခါ စောစောစီးစီး ကြိုတင်ဖိတ်ကြားထားသင့်ပါတယ်။ ဒါမှသာ သူတို့လည်း အခြားသာ စီစဥ်စရာများအတွက် သပ်သပ်စီစဥ်ထားနိုင်မှာဖြစ်ပါတယ်။ ပါတီပွဲ နီးခါနီးမှာလည်း ထပ်ပြီး Remind လုပ်ပေးဖို့ လိုပါတယ်။

Theme တစ်ခု ရွေးချယ်ပါ

ခရစ်စမတ် ပါတီ

ဘယ်လို Theme မျိုး ပြုလုပ်ရမလဲဆိုတဲ့ စည်းမျဥ်းစည်းကမ်းတော့မရှိပေမယ့် သင့်အနေနဲ့ Theme တစ်ခု ဖန်တီးလိုက်မယ်ဆိုရင်တော့ အမှတ်ရစရာကောင်းပြီး ဘယ်တော့မှ မမေ့ပျောက်နိုင်တဲ့ ခရစ်စမတ်ပါတီတစ်ခုကို ဖန်တီးနိုင်ပါပြီ။

ရေချိုးခန်းနှင့် အိမ်သာတို့ကိုလည်း သန့်ရှင်းနေအောင် ပြင်ဆင်ထားပါ

ခရစ်စမတ် ပါတီ

Photo : Firstchoicewarehouse

ရေချိုးခန်းနှင့် အိမ်သာတို့တွင် လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းမျိုးစုံကို လိုလေသေးမရှိအောင် ပြင်ဆင်ထားသင့်ပါတယ်။ ရေအိမ်ကို လူအများကြီး အသုံးပြုတဲ့အခါ အနံ့အသက် ဆိုးရွားနိုင်တာမို့လို့ အမွှေးခဲများ၊ မွှေးရနံ့များကို သေချာထည့်ထားသင့်ပါတယ်။

ကျိုးပဲ့နိုင်သည့် ပစ္စည်းများကို ရွေ့ထားပါ

ခရစ်စမတ် ပါတီ

မတော်တဆ ဧည့်သည်ကြောင့် ပစ္စည်းတစ်ခုခု ကျိုးပဲ့ပျက်စီးသွားတဲ့အခါ ဧည့်သည်ဘက်ကနေ ကြည့်ရင်လည်း အပြစ်မကင်းခြင်း၊ စိတ်မကောင်းဖြစ်ခြင်းတို့ကို ခံစားရမှာဖြစ်ပါတယ်။ ကျိုးပဲ့သွားတဲ့ပစ္စည်းကို အသစ်ပြန်လျော်ပေးရင်တောင်မှ ထိုပစ္စည်းရဲ့ အမှတ်တရတွေကိုတော့ ပြန်လည်ဝယ်ယူနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အစကတည်းက လွတ်လွတ်ကျွတ်ကျွတ် သိမ်းဆည်းထားတာ အကောင်းဆုံးပါပဲ။

အစားအစာများကို ဘူဖေးစတိုင်လ် ပြင်ဆင်ထားတာက အကောင်းဆုံးပါပဲ

ခရစ်စမတ် ပါတီ

ခရစ်စမတ် ပါတီပွဲကျင်းပတဲ့အခါ အစားအစာများကို ဘူဖေးစတိုင်လ် ပြင်ဆင်တာကတော့ အကောင်းဆုံးပါပဲ။ ဒါမှသာ တစ်ယောက်က ဘာကြိုက်တယ် အခြားတစ်ယောက်က ဘာကြိုက်တယ်နဲ့ လိုက်ပြီး ခေါင်းခြောက်စရာမလိုတော့ဘဲ ဧည့်သည်များ စိတ်ကြိုက် ရွေးချယ်စားသုံးနိုင်ပါတယ်။ ဝိုင်များ၊ ကော့တေးများကိုလည်း ခင်းကျင်းပြင်ဆင်ထားသင့်ပါတယ်။ ခရစ်စမတ် ပါတီဆိုတော့ ခရစ်စမတ်တေး သီချင်းတွေကတော့ မပါမဖြစ်ပါပဲ။

Source: Fusionfurnitureinc

Featured Image: Facebook