ယခုအချိန်မှာ မိုဘိုင်းလ်ဖုန်း တွေက လူတစ်ဦးချင်းစီရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်တဲ့ အွန်လိုင်းပေါ်မှာ ဈေးဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ဘေလ်ပေးဆောင်ခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး ဆိုင်ရာ စတဲ့များစွာသော ရည်ရွယ်ချက်များအတွက် အသုံးပြုလာကြပါတယ်။ ဒါကြောင့် ကွီးတို့အများစုရဲ့ ကိုယ်ရေးကိုယ်တာနှင့် လျှို့ဝှက်ဒေတာများဟာ မိုဘိုင်းဖုန်းတွင် ထည့်သွင်းပြီး ဖြစ်ပါတယ်။ ကွီးရဲ့ ဖုန်းဒေတာသည် အဆက် အသွယ်များ၊ စာပို့လိပ်စာများ၊ စကားဝှက်များ၊ အမည်၊ အသက်၊ မရှိမဖြစ် လိုအပ်သော ဘဏ်လုပ်ငန်း အသေးစိတ်များ အစရှိသည်တို့ ဖြစ်နေနိုင်ပါတယ်။ ကွီးရဲ့ဖုန်းဟာ ဟက်ကာများအတွက် တန်ဖိုးရှိသော ပစ်မှတ်တစ်ခု သို့မဟုတ် ပျောက်ဆုံးသွားတာမျိုး ဖြစ်လာနိုင်တာကြောင့် ယနေ့ခေတ်မှာ မိုဘိုင်းလ် လုံခြုံရေး ဟာ အလွန်အရေးကြီးတယ်ဆိုတာ သိရှိဖို့ လိုအပ်သလို ဖုန်းလုံခြုံရေးကို မဖြစ်မနေ လုပ်ဖို့ လိုပါတယ်။

ကွီးတို့အတွက် အရေးကြီးသော ဖုန်းဒေတာကို ကာကွယ်ရန် မိုဘိုင်းလ် လုံခြုံရေး ဆိုင်ရာ အကြံပြုချက် များကို လေ့လာမိသလောက် ဝေမျှပေးလိုက်ပါတယ်။

(၁) ကွီးရဲ့ ဖုန်း Operation System ကို Up to Date ဖြစ်အောင်ထားပါ

မိုဘိုင်းလ် လုံခြုံရေး

Photo : Tech Advisor

ကွန်ပျူတာများလိုဘဲ ကွီးရဲ့ စမတ်ဖုန်းလည်ပတ်မှုစနစ်များရဲ့ လုံခြုံရေး ချို့ယွင်းချက်များကို မကြာခဏပြင်ဆင်ဖို့ ပုံမှန်မွမ်းမံမှုများ လုပ်ဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ မိုဘိုင်းလ် လုံခြုံရေး ပြဿနာများ သို့မဟုတ် ဖုန်းပျောက်ခြင်း ဖြစ်ပေါ်ပါက ကွီးတို့ဖုန်းရဲ့ Operation System ကို Up to Date လုပ်ထားခြင်းဖြင့် ကွီးတို့ရဲ့ အရေးကြီးသောဒေတာများ၊ ဖိုင်များကို ပြန်လည်ရယူရန် ကျွမ်းကျင်သူများကို ကူညီပေးနိုင်ပါလိမ့်မယ်။

(၂) lock screen ကို အမြဲထားရှိပါ

မိုဘိုင်းလ် လုံခြုံရေး

Photo : TechCult

ကွီးတို့ရေ ယနေ့ခေတ်မှာ လူတော်တော်များများကတော့ ၎င်းတို့ရဲ့ ဖုန်းကို Lock Screen အမြဲထားရှိတတ်ပါတယ်။ ကွီးရဲ့ဖုန်းကို လော့ခ်ဖွင့်ရန် ပင်နံပါတ် သို့မဟုတ် သတ်မှတ်ပုံစံတစ်ခုခု ကဲ့သို့သော ကုဒ်အချို့ရှိခြင်းသည် လုံခြုံရေးအတွက် အရေးကြီးပါတယ်။ Lock Screen ထားရှိခြင်းက ကွီးတို့ရဲ့ ဖုန်းဒေတာတွေကို အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။

(၃) Download လုပ်လျှင် သတိထားပါ

Mobile Safety

Photo : Addictive Tips

ကွီးတို့ရေ ဖုန်းထဲမှာပဲ တစ်ခုခုကို Download ဆွဲတာ၊ ကွီးတို့ဆီ ဝင်လာတဲ့ E-mail ၊ G-mail စတာတွေနဲ့ ဝင်လာတတ်တဲ့ ဖိုင်များကို သတိမထားမိဘဲ Download ဆွဲမိတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာဆိုရင် ကွီးတို့ ဖုန်းဒေတာ တွေအတွက် မလုံခြုံတာမျိုး၊ ဗိုင်းရပ်စ် ဝင်တာမျိုး ဖြစ်တတ်လို့ သတိထား သင့်ပါတယ်။ ဒီအချက်ဟာ စီးပွားရေး လုပ်ငန်းသုံးဖုန်းတွေ၊ ကွန်ပျူတာတွေ အတွက် အထူးသတိပြုရမဲ့ အချက်ပါ။

(၄) အများသုံး Wi-Fi ကို ဂရုစိုက်ပါ

Mobile Safety

Photo : Forbes

အများသုံး Wi-Fi ချိတ်ဆက်မှုမှတစ်ဆင့် ဖြတ်သန်းသွားသော ဒေတာများကို အလွယ်တကူ ကြားဖြတ်ရယူနိုင်ပါတယ်။ ဆိုလိုသည်မှာ စီးပွားရေး အတွက်သော်လည်းကောင်း၊ ကိုယ်ပိုင်အသုံးပြုနေသည့် မည်သည့်ဖုန်းမျိုးကို မဆို အများသုံး Wi-Fi ချိတ်ဆက်မှုကို ရှောင်ရှားသင့်ပါတယ်။ ယင်း အများသုံး Wi-Fi အစား မိမိတို့ ဖုန်းဒေတာကိုပဲ အသုံးပြုပါ။ အများသူငှာ ကွန်ရက်တွင် သုံးနေပါက ကွီးရဲ့ ဖုန်းကို လုံခြုံစေရန် VPN ခံပြီး အသုံးပြုနိုင်ပါတယ်။

နောက်တစ်ချက်အနေနဲ့ ဒေတာတွေကို အရန်ကူးခြင်းက ကွီးတို့ ဖုန်း ပျောက်ဆုံးသွားမယ် သို့မဟုတ် ကွဲသွားပါက ဒေတာပြန်ရဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ကွီးရဲ့ ဖုန်းအခိုးခံရပါက ပါသွားတဲ့ ဒေတာကို အဝေးမှ ရှင်းလင်းနိုင်အောင် စီမံထားသင့်ပါတယ်။
ကွီးတို့အနေနဲ့ ဖုန်းလုံခြုံရေးအတွက် မထိတ်လန့်ပါနဲ့။ သို့သော်လည်း အရေးကြီးသော ဖုန်းဒေတာတွေကို ကာကွယ်နိုင်ဖို့ မိုဘိုင်းလ် လုံခြုံရေး အကြံပြုချက်များကို လိုက်နာဖို့ အကြံပြုလိုက်ပါတယ်။

Source : Brightline IT

Featured Photo : Sectigostore