အစားအသောက်မှာဆို တရုတ်စားသောက်ဆိုင်တွေက နာမည်ကြီးပြီးသားပါ။ ကမ္ဘာအနှံ့က လျှာအမျိုးမျိုးမှာ တရုတ်အစားအစာတွေက စွဲကျန်ပြီးသား ဖြစ်ပါတယ်။ ဒီလို လူကြိုက်များတဲ့ တရုတ်အစားအစာတွေကိုမှ အကောင်းဆုံးချက်ပြုတ်မှုကြောင့် တရုတ်နိုင်ငံက ကျော်ကြားလှတဲ့ သမိုင်းဝင် စားသောက်ဆိုင် တွေအကြောင်း ဒီတစ်ခေါက် မျှဝေပေးချင်ပါတယ်။
(၁) Quanjude

Photo : wikimedia
ပီကင်းဘဲကင်ဆိုရင် မကြိုက်သူမရှိအောင် နာမည်ကြီးပါတယ်။ ချင်မင်းဆက် ၁၈၆၄ လောက်ကစပြီး Quanjude ( ချွမ်ဂျိုးဒါ) ဆိုင်ဟာ ဘေဂျင်းမှာ စားသောက်ဆိုင်လေး ဖွင့်ခဲ့ပါတယ်။ ပီကင်းဘဲကို အထူးဟင်းလျာအဖြစ် ထည့်သွင်းခဲ့ရာကနေ စားဖူးသူတိုင်း မြို့နာမည်နဲ့ တွဲပြီး ပီကင်းဘဲကင်အဖြစ် လျှာဖျားမှာ ထင်ရှားကျန်ခဲ့တာ ဖြစ်ပါတယ်။
(၂) South Beauty
Photo : theculturetrip
“တောင်ပိုင်းအလှ” South Beauty ဟာ တရုတ်နိုင်ငံ ဘေဂျင်းမှာ ရုံးချုပ်ရှိပြီး လုပ်ငန်းအမှတ်တံဆိပ် ၃ ခု ရှိပါတယ်။ South Beauty Restaurant ၊ LAN Club နဲ့ SUBU ဆိုတဲ့ အမှတ်တံဆိပ်တွေပါ။ ၂၀၀၀ ပြည့်နှစ်မှာ လုပ်ငန်းစတင်ခဲ့တဲ့ South Beauty ဟာ နှစ် ၂၀ ကျော်အတွင်း တရုတ်နိုင်ငံတလွှားမှာ ဆိုင်ခွဲပေါင်း ၅၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ပတ်ဝန်းကျင် ကောင်းကောင်းနဲ့ အာဟာရရှိတဲ့ တရုတ်အစား အစာတွေကို အဓိက ထားတဲ့ South Beauty ဟာ မြန်မာမှာဆို စီချွမ်လို့ ခေါ်တဲ့ ဟင်းနဲ့ နာမည်ကျော်ပါတယ်။
(၃) Goubuli (Go Believe)

Photo : pressurecookingtoday
Goubuli (ဂိုဘူးလီ) ပေါက်စီဟာ တီရင်ကျင်းရဲ့ ရိုးရာအစားအသောက်တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၁၅၀ ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။ ညစာစားပွဲတိုင်းမှာ အချိုပွဲအနေနဲ့ တည်ခင်းဧည့်ခံတတ်ကြတဲ့ ပေါက်စီဖြစ်ပါတယ်။ Goubuli စားသောက်ဆိုင်တွေဟာ မနက်စာအပြင် သူတို့ရဲ့ ကိုယ်ပိုင် အေးခဲအစားအစာ အမှတ်တံဆိပ်လည်း ပိုင်ဆိုင်ထားပါတယ်။
(၄) Haidilao

Photo : thrillist
စီချွမ်ဟော့ပေါ့နဲ့ အထူးနာမည်ကျော်တဲ့ Haidilao ဆိုင်ဟာ ၁၉၉၄ ခုနှစ်မှာ စားသောက်ဆိုင်လုပ်ငန်းတည်ခဲ့ပြီး တရုတ်နိုင်ငံက မြို့ကြီး ၁၅ မြို့မှာ ဆိုင်ခွဲတွေ ဖွင့်လှစ်ထားပါတယ်။
Featured Photo : thrillist

