ကမ္ဘာပေါ်မှာ ပရိသတ်အများဆုံး အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယာလိဂ်မှာ အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်ပြီး၊ ချန်ပီယံလိဂ်မှာဆိုရင်လည်း ထိုက်သင့်သလောက် အောင်မြင်မှုတွေ ဆွတ်ခူးရရှိထားတာဖြစ်ပါတယ်။

အခုလိုမျိုး တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေနည်းတူ မန်ယူယူနိုက်တက်ကို အားပေးတဲ့ နာမည်ကျော်များလည်း ရှိကြပါတယ်။ သူတို့တွေကတော့…

Usain Bolt

Source: Evening Standard

ကမ္ဘာ့အပြေးအမြန်ဆုံးအပြေးသမားဖြစ်တဲ့ အူစိန်ဘော့ကတော့ ပရီးမီးယားလိဂ်မှာ ကစားချင်တာသူ့အိပ်မက်ပါ။ သူအကြိုက်ဆုံးအသင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းဖြစ်ပြီး၊ ယူနိုက်တက်ကို အရှုးအမှုးစွဲလန်းတာလည်းဖြစ်ပါတယ်။

Nelson Mandela

Source: Twitter

အာဖရိကရဲ့ သမ္မတဟောင်း နယ်ဆင်မင်ဒဲလားဟာလည်း မန်ယူအသင်းရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပါတယ်။

Floyd Mayweather

Source: Football Shirt Collective

လက်ဝှေ့အကျော်အမော် မေဝဲသာလည်း မန်ချက်စတာယူနိုက်တက်ရဲ့ ပရိသက်တစ်ယောက်ဖြစ်ပါတယ်။

Megan Fox

နာမည်ကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ သူမဟာလည်း မန်ယူအသင်းကို အရှုးအမှုးစွဲလန်းသူတစ်ယောက် ဖြစ်ပါတယ်။

Manny Pacquiao

Source: Next Wall – blogger

လက်ဝှေ့အကျော်အမော်တစ်ယောက်ဖြစ်တဲ့သူဟာ မန်ယူအသင်းတစ်သင်းထဲကိုပဲ အာပေးတာဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း ဝန်ခံထားတာဖြစ်ပါတယ်။