ဥရောပတလွှား ခရီးသွားတွေအကြားမှာ ရှုမျှော်ခင်းကြောင့် နာမည်ကျော်တဲ့ မြို့တစ်မြို့ကတော့ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းပဲ ဖြစ်ပါတယ်။ ပေါ်တူဂီ ကမ်းရိုးတန်းမြို့တော်ဟာ ဆန်းပြားတဲ့ ကာလာစုံအိမ်တွေနဲ့ အဖြူရောင် မိုးထိမြင့်မား ဘုရားကျောင်းကြီးတွေနဲ့ သာယာလှပတဲ့ နေရာဖြစ်သလို Nightlife ကြိုက်သူတွေအတွက် အမိုက်စားဘားတွေလည်း အများသားပါ။ ဒီထဲက လစ္စဘွန်း ရဲ့ အကောင်းဆုံးဘား တချို့အကြောင်း ညွှန်းလိုက်ပါတယ်။
(၁) Four Seasons Hotel Ritz

Photo : elitetraveler
လစ္စဘွန်း ရဲ့ အကောင်းဆုံးဘားတွေထဲမှာ မြို့လယ် Parque Eduardo VII ပန်းခြံမှာ ရှိတဲ့ Four Seasons Hotel Ritz ဘားလည်း ပါဝင်ပါတယ်။ အတွင်းခန်းကို စာအုပ်စင်တွေ အနီရောင်ကတ္တီပါထိုင်ခုံတွေနဲ့ ဖွဲ့စည်းထားပြီး ကွယ်လွန်သူ ပေါ်တူဂီအနုပညာရှင်ကြီး ပက်ဒရိုက် လိုင်တာအိုရဲ့ ပီယာနိုလည်း အခန်းထောင့်မှာ ထည့်ထားပါတယ်။ ဆန်းပြားတဲ့ မြူးဇစ်များနဲ့ ညနေဘက် ယမကာမော့ချင်သူတွေအတွက် ရီဝေယစ်မူးချင်စရာ ဘားတစ်ခုပါပဲ။
(၂) The Ivens

Photo : elitetraveler
ဒီနှစ်ထဲမှာမှ ဖွင့်ထားတဲ့ The Ivens ဟိုတယ်သစ်ဟာ ၁၉ ရာစုအဆောက်အဦထဲက ရဲရင့်တဲ့ ကာလာ Pattern နဲ့ Texture တွေ သုံးပြီး တည်ဆောက်ထားတာပါ။ ကတ္တီပါအနီခင်းထားတဲ့ လှေကားတွေကနေ တက်ပြီး မာဘယ်ကျောက်ကြမ်းပြင်အတိုင်း လျှောက်သွားရမှာပါ။ ပေါ်တူဂီရဲ့ ရိုးရာ အေးခဲအသား ၊ ချိစ်စ် ၊ ဆလတ် နဲ့ လတ်ဆတ်တဲ့ ပါစတာတွေပါ ရပါတယ်။
(၃) Silk Club

Photo : elitetraveler
Chiado ခရိုင်မှာ ရှိတဲ့ Silk Club ဟာ မြို့ကို စီးမြင်ရတဲ့ မြင်ကွင်းကို ခံစားနိုင်မယ့် ကလပ်ဖြစ်ပြီး ဂျပန်နဲ့ မြေထဲပင်လယ်စာတွေ ရပါတယ်။ ကော့တ်တေး ကောင်းပြီး နာမည်ကျော် ပင်လယ်စာတွေကလည်း မြည်းစမ်းနိုင်မယ့် ဘားတစ်ခုဖြစ်ပါတယ်။
(၄) Lumi
Photo : elitetraveler
Lumi Rooftop Bar & Restaurant က လစ္စဘွန်းမြို့ ဗဟိုခရိုင်တစ်ခုဖြစ်တဲ့ Barrio Alto မှာ ရှိပြီး Sao Roque ဘုရားကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ Tagus မြစ်နဲ့ လစ္စဘွန်ရဲ့ မိုးကောင်းကင်ကို ကြိုဆိုနှုတ်ဆက်ဖို့ လတ်ဆတ်တဲ့ ကော့တ်တေးကောင်းတွေလည်း ရနိုင်ပါတယ်။ ဒီဘားဟာ Portobello Mushroom Burger နဲ့ Cured Tuna Carpaccio လို နာမည်ကျော် ဟင်းလျာတွေကြောင့်လည်း ထင်ရှားပါတယ်။
Featured Photo : cntraveler

